ROYAL WHITE ELEPHANT

Business
Slogan
Address
Township
Phone

တနင်္ဂနွေနေ့ပိတ်သည်။

Company Profile

ဆင်ဖြူတော်ဆိုရင် ဆားချိုသီးနဲ့စသိကြပြီး အဘိုး ၊ အဘွား တွေလက်ထက်က လည်း ဆားချိုသီး နဲ့ ရှမ်းပြည်ထွက်သီးနှံအသီး 6 မျိုးကိုပဲ စတင်ဖြန့်ဖြူးရောင်းချခဲ့ရာကနေ ဖေဖေ တို့လက်ထက်မှာတော့ အသီးအမျိုးပေါင်း 20 ကျော်ကို လက်ဆောင်ပေးဖို့ပဲဝယ်ဝယ် စားဖို့ပဲဝယ်ဝယ် မျက်နှာပန်းလှလှနဲ့ သပ်သပ်ရပ်ရပ်လေး စားသုံးနိုင်စေရန်အလို့ဌာ ဘူးဒီဇိုင်းအမျိုးမျိုးနဲ့ လှလှပပလေးထုပ်ပိုးရောင်းချပေးနေပါပြီ။ တခြား ကောင်းသောတိုးတတ်ပြောင်းလဲလာခြင်းတွေမှာဆိုရင် အဘိုးအဘွားတွေလက်ထက်က အသုံးပြုခဲ့တဲ့ ထင်းအစား ၊ အခုနောက်ပိုင်းခေတ်နဲ့အညီပြောင်းလဲတိုးတတ်မှုတွေနဲ့အတူ လက်ရှိမှာတော့ ဘွိုင်လာတွေကိုပြောင်းလဲအသုံးပြုနိုင်ခဲ့ပါပြီ။ဒါ့အပြင် အရင်တုန်းကဆိုရင် နေပြင်းပြင်းအောက်မှာ အသီးတွေကို အခြောက်ခံရတဲ့အခြေအနေတွေကနေပြီး အဆင့်မြင့်ခေတ်မီအခြောက်ခံစက်တွေကို ပြောင်းလဲအသုံးပြုခဲ့တာတွေကြောင့် ပိုမိုကောင်းမွန်တဲ့အရသာ၊ပိုမိုသန့်ရှင်းလက်ဆတ်တဲ့ ယိုမျိုးစုံ ၊ ဆားချိုသီး တွေကိုခေတ်နဲ့အညီပြောင်းလဲထုတ်လုပ်လာနိုင်ခဲ့ပါပြီ။ ဆင်ဖြူတော်က ထွက်သမျှ ဆားချိုသီး နှင့် သစ်သီးယိုမျိုးစုံကို စားသုံးသူတွေ ပိုမိုကောင်းမွန်တဲ့ အရသာတွေကို ခံစားစားသုံးနိုင်စေရန် ရာသီပေါ်သီးနှံများကို အခြားအသီးတွေနဲ့လုံးဝရောစပ်ယိုထိုးခြင်းတွေလုံးဝမပြုလုပ်ဘဲ သဘာဝအသီးစစ်စစ်ကိုမှ စနစ်တကျသန့်ရှင်းသပ်ရပ်စွာအခြောက်ခံ အချိုသွင်း၍ လေလုံအောင် စနစ်တကျ ထုပ်ပိုးပြီး သဘာဝအတိုင်းစားသုံးနိုင်အောင်ထုပ်ပိုးပေးထားတာဖြစ်လို့ လူကြီး ၊ လူငယ်အရွယ်သုံးပါးမရွေး ယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်။

Brands / Services

  • ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ရောင်းချပေးပါသည်။

Social Media Link

 

Branches