×

Warning

JUser: :_load: Unable to load user with ID: 540


ပင်စိမ်း၏ အကျိုးအာနိသင်များ

ပင်စိမ်းပင်ဟာ မြန်မာ့ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် နံနံပင်နဲ့ မဆလာ တို့လောက် သိပ်မသုံးကြပါဘူး။

 

အပူပိုင်းဒေသမှာ သဘာဝအရ ပေါက်ရောက်လေ့ရှိပြီး ပင်စိမ်း အရိုင်းနဲ့ ပင်စိမ်းအယဉ်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ပင်စိမ်းအယဉ် ကိုသာ သုံးပြီး ပင်စိမ်းအရိုင်းကိုတော့ ပရဆေးဖော်ရမှာ သုံးတာမျိုး ရှိပါတယ်။

 

ပင်စိမ်းအရိုင်းနဲ့ အယဉ်ကို နှိုင်းယှဉ်တဲ့အခါမှာတော့ ပင်စိမ်း အရိုင်းဟာ အနံ့ပြင်းပြီး ခေါင်းကို မူးနောက်စေပါတယ်၊ နောက် အရွက်လည်း ကြမ်းပါတယ်၊ ပင်စိမ်းအယဉ်ကတော့ အနံ့ယဉ်ပြီး အရွက် စိုစွတ်နူးညံ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင် ပင်စိမ်းရဲ့  အကျိုးအာနိသင်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ နှလုံးနဲ့ နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်တယ်။ ပင်စိမ်းမှာ beta-carotene ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနဲ့ နှလုံးခုန် မူမမှန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

 

၂။ ကင်ဆာရောဂါမျိုးစုံကို ကာကွယ်ပေးတယ်။ ပင်စိမ်းမှာ ကင်ဆာရောဂါကို တိုက်ဖြတ်နိုင်စွမ်းရှိတဲ့ ဓာတ်သဘာဝတွေ မြောက်များစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါပိုးများ ၀င်ရောက်ခြင်းကို ဟန့်တာပေးပြီး flavonoid ဓာတ်ကလည်း ကင်ဆာရောဂါမျိုးစုံကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

 

၃။ အရေအပြားနဲ့ ဆံပင်ကို ပိုမိုကောင်းမွန်စေတယ်။ ပင်စိမ်းအဆီဟာ ဆံပင် မွဲခြောက်ခြောက် ဖြစ်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်စိမ်းရွက်ကို ဒီအတိုင်း ထောင်းပြီး ပေါင်းတင်တဲ့ပုံစံမျိုး လိမ်းပေးပါက ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက် စတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

 

၎။ အဆစ်အမြစ်ကိုက်ခဲခြင်းကို ပျောက်ကင်းစေပြီး အရိုးကျန်မားရေးကို ထောက်ပံ့ပေးနိုင်တယ်။ ပင်စိမ်းမှာ cyclooxygenase ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်လို့ ပုံမှန်စားသုံးပေးက ညောင်းညာကိုက်ခဲခြင်းနဲ့ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ လေးဘက်နာ၊ အရိုးကျီးပေါင်း-စတဲ့ ရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် အရိုး သန်စွမ်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။

 

၅။ အစာချေစနစ်ကို ကောင်းမွန်စေတယ်။ အစာစားပြီးတဲ့အခါတိုင်းမှာ အစာချေမှုစနစ် မြန်ဆန်လေ၊ ခန္ဓာကိုယ်ထဲကို ၀င်ရောက်နိုင်တဲ့ ကယ်လိုရီတွေကို ကာကွယ်တားဆီးပြီးသား ဖြစ်လေ ဖြစ်ပါတယ်။ ပင်စိမ်းဟာ အစာချေစနစ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တာမို့ ပုံမှန်စားသုံးပေးပါက အဆီကျပြီး ခန္ဓာကိုယ်ကို သွယ်လျ လှပစေပါတယ်။

 

၆။ ကိုယ်ခံစွမ်းအားကို ဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်းကို ၀င်ရောက်လာတဲ့ ရောဂါပိုးအမျိုးကို တိုက်ခိုက်ဖို့အတွက် ခန္ဓာကိုယ်မှာ Anti-Bacterialတွေ လိုအပ်ပါတယ်။ ကိုယ်ခံစွမ်းအား နည်းပါးလာတာနဲ့အမျှ ရောဂါးဆိုးတွေကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်တာမို့ ပင်စိမ်းဟာ ရောဂါပေါင်းစုံကို ကာကွယ်ပေးတဲ့ ဆေးလို့တောင် မှတ်ယူလို့ရပါတယ်။

Source: auntymay

Read times Last modified on Thursday, 21 February 2019 17:15
Rate this item
(2 votes)