×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်၏ဝက်သားဘုရင်နှင့် ကမ္ဘာ့အချမ်းသာဆုံး မွေးမြူရေးသမား Mr Qin

ဝက်သား စျေးနှုန်းများ ကျဆင်းမှု ကြောင့် တရုတ်၏ဝက်သားဘုရင်နှင့်

ကမ္ဘာ့အချမ်းသာဆုံး မွေးမြူရေးသမား Qin Yinglin ၏ မကြာသေးမီကစုဆောင်းရရှိခဲ့သည့်ဒေါ်လာ ၂၂ ဘီလီယံပိုင်ဆိုင်မှုအပေါ် အကျိုးသက်ရောက်စေမည် ဖြစ်သော်လည်း အမြတ်အစွန်းရရှိရန် အခွင့်အလမ်းများ ရှိနေသေးသည်။

ကြွေးတင်ဝက်မွေးဆိုသည့် စကားအတိုင်း ဝက် မွေးမြူထုတ်လုပ်ခြင်းကြောင့် စီးပွားဖြစ်ပုံကို Qin Yinglin သည် စံနမူနာ ဖြစ်သည်။
Qin Yinglin နှင့်သူ၏ဇနီးသည် ၁၉၉၂ ခုနှစ်တွင်ဝက်မွေးမြူရေးခြံ ၂၂ ကောင်ဖြင့်ပထမဆုံးမွေးမြူရေးခြံကိုစတင်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဝက် ကောင်ရေ ၁၀ သန်းကျော်ကို မွေးမြူထားသည့် လုပ်ငန်းအဖြစ်သို့ ရောက်နေပြီ ဖြစ်သည်။

ဝက်တုပ်ကွေးသည် သူ့ကို ကမ္ဘာပေါ်တွင် အချမ်းသာဆုံး မွေးမြူရေး လုပ်ငန်းရှင် ဖြစ်စေခဲ့သည်။ coronavirus သည် သူ၏ ချမ်းသာမှုအတွက် ဒေါ်လာ ၆ ဘီလီယံ အလျင်အမြန် တိုးစေခဲ့သည်။

Qin Yinglin ဝက်မွေးမြူရေးလုပ်ငန်းသည် လတ်တလော လများအတွင်း အလျင်အမြန် ကြီးထွားလာခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇွန်လကထက် ၂ ဆမက တိုးပြီး ဒေါ်လာ ၂၂ ဘီလျံသို့ ရောက်ရှိသွားသည်။ သူသည် ကမ္ဘာ့အကြီးမားဆုံး ဝက်မွေးမြူသူ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် သူ့အမည်ကို သိသူ မဆိုစလောက်သာ ရှိသည်။

The meat section at a supermarket in Binzhou, Shandong province in China in December

သူ့၏ ဝက်သား ကုမ္ပဏီမှာ Muyuan Foods ဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ကျန်းမြို့ စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည်။
၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်၌ အာဖရိကဝက်တုပ်ကွေး ကျရောက်ရာ ဝက်အများအပြား သေကြေသည်။ အများပြားကို မြေကျင်းကြီးများထဲ အရှင်လတ်လတ် ထည့်ပြီး မြေမြှုပ် သတ်ပစ်ခဲ့ရသည်။ တရုတ်ပြည်တွင်း မွေးမြူထားသော ဝက်ကောင်ရေ စုစုပေါင်း၏ ထက်ဝက်နီးပါး လျော့ကျသွားသည်။
ဝက်သား စားသုံးမှု အများဆုံးနိုင်ငံဖြစ်သော တရုတ်ပြည်တွင်းမှာ ဝက်သား ရှားပါးပြတ်လပ်မှုကြောင့် ဝက်သားဈေးတက်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဝက်သားဈေးထက် ၂၀၁၉ ခုနှစ်အောက်တိုဘာလ ဈေးက တစ်ဆခွဲကျော် ပိုများသည်အထိ ဈေးခုန်တက်သွားသည်။

ဝက်မွေးမြူရေးလုပ်ငန်း အများအပြား ဒုက္ခရောက်ကုန်ကြချိန်တွင် Muyuan Foods က အမြတ်များ ပိုရအောင် ရှာဖွေနိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ် ပထမ သုံးလအတွင်းမှာ အမြတ် ရရှိသည့် ပမာဏ ရှစ်ဆခွဲကျော် တိုးသွားခဲ့သည်။
ပြိုင်ဘက်လုပ်ငန်းများထက် အားသာသည့်အချက်မှာ Muyuan Foods သည် ကုမ္ပဏီပိုင် ဝက်မွေးမြုရေးခြံများဖြင့် မွေးမြူ ထုတ်လုပ်ကာ ဈေးကွက်ထဲတွင် ရောင်းချခြင်း ဖြစ်သည်။ အခြား ဝက်သားရောင်းချသည့် လုပ်ငန်းများသည် ဝက်မွေးမြူရေးလုပ်ငန်းငယ်များထံမှ စာချုပ်ဖြင် ဝက်များ ဝယ်ယူပြီး ဝက်သား ထုတ်လုပ်ရောင်းချနေကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ Muyuan သည် ဝက်ခြံ သန့်ရှင်းမှု၊ ကျန်းမာရေးနှင် ညီညွတ်မှု၊ ကူးစက်ရောဂါ ကာကွယ်ရေး၊ ဇီဝဘေးကင်းလုံခြုံရေး biosecurity တို့ကို ကိုယ့်လက်ကိုယ့်‌ခြေ စိတ်တိုင်းကျ စီမံသဖြင် ဝက်တုပ်ကွေးကြောင့် ထိခိုက်မှု နည်းပါးသည်။ ဝက်မွေးမြူရေးလုပ်ငန်းငယ်များမှာ အထိနာကြပြီး ယင်းတို့ထံမှ ဝယ်ယူသာ ဝက်သားလုပ်ငန်းများအနေဖြင့် အသာလက်ပိုက်ကြည့်နေရသည်။ ဝက်ခြံများအတွင်း စီမံခွင့် မရရှိကြချေ။
ဝက်တုပ်ကွေး နှိပ်စက်သဖြင် ဝက်မွေးမြူရေး လုပ်ငန်းငယ် အများအပြား လုပ်ငန်းပြုတ်သွားကြသည်။ ယင်းတို့ထံမှ ဝက်များ ဝယ်ယူပြီး ဝက်သား ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းငယ်များလည်း လုပ်ငန်း ပြုတ်သွားကြသည်။
"အမြတ်ရဖို့ အခွင့်အလမ်း ပေါ်ပေါက်သွားတယ်။ လုပ်ငန်းကို ပိုအားတောင့်အောင် လုပ်ဖို့အတွက်လည်း အခွင့်သွားတယ်" ဟု အသက် ၅၅ နှစ် ရှိပြီဖြစ်သော Mr Qin က မှတ်ချက်ပြုခဲ့သည်။
Mr Qin တို့ လင်မယားသည် မွေးမြူရေးပညာဖြင့် ၁၉၈၀ ပြည့်နှစ်လွန်တွင် ဘွဲ့ရထားကြသူများ ဖြစ်သည်။ သူတို့၏ ပထမဆုံး ဝက်ခြံကို ဝက် ၂၂ ကောင်ဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ကြသည်။ ဝက်တုပ်ကွေးရောဂါကြောင့် ဝက်များ အားလုံးနီးပါး ဆုံးရှုံးခဲ့ဖူးသည်။ သို့သော် ဝက်မွေးမြူရေးကို စနစ်တကျ လုပ်ကိုင်ခဲ့ရာ ၂၀၁၉ ခုနှစ်တွင် ဝက်ကောင်ရေ ၁၀ သန်းကျော် မွေးမြူထားသည့် လုပ်ငန်းကြီး တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့သည်။
ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍအတွက် ထားရှိသည့် International Financial Corporation က Muyuan Foods တွင် ၂၀၁၀ ခုနှစ်တွင် ရီမင်ဘီ ၆၅ သန်း ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည့်အပြင် အထူးချေးငွေ ရီမင်ဘီ သန်း ၂၀၀ ကိုလည်း ထုတ်ချေးပေးခဲ့သည်။
၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်မှာ ဝက်တုပ်ကွေး အဆိုးဝါးဆုံး ရင်ဆိုင်ရစဉ် Muyuan Foods က ဝက်သားများကို ဈေးကွက်ထဲသို့ ဆက်လက်တင်ပို့နေခဲ့ပြီး အမြတ်များ ကြီးကြီးမားမား ရရှိခဲ့သည်။ ထိုစဉ်မှာပင် ကိုဗစ်ကပ်ရောဂါ ဆိုက်ရောက်ရာ နဂိုကတည်းက ရှားပါးနေသော ဝက်သား ပိုရှားသွားသည်။ ဈေးလည်း ခုန်တက်သည်။ Muyuan ၏ ရှယ်ယာဈေးလည်း တက်သည်။ သို့ဖြစ်ရာ သူတို့လင်မယား ပိုင်ဆိုင်ထားသည့် ရှယ်ယာတန်ဖိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂၂ ဘီလျံ ဖြစ်သွားသည်။ Mr Qin ကို ကမ္ဘာ့အချမ်းသာဆုံး ဝက်မွေးမြူသူအဖြစ်သို့ ရောက်စေခဲ့သည်။
ကမ္ဘာ့ ဒုတိယအချမ်းသာဆုံး ဝက်မွေးမြူသူမှာလည်း တရုတ်ပြည်မှ ဖြစ်သော Liu Yonghaoနှင့် မိသားစု ဖြစ်သည်။ New Hope Group ကို ပိုင်ဆိုင်ထားပြီး ချမ်းသာသည့် ခန်ံမှန်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂ . ၅ ဘီလျံ ဖြစ်သည်။

 

တ႐ုတ္၏ဝက္သားဘုရင္ႏွင့္ ကမာၻ႔အခ်မ္းသာဆုံး ေမြးျမဴေရးသမား Mr Qin

ဝက္သား ေစ်းႏႈန္းမ်ား က်ဆင္းမႈ ေၾကာင့္ တ႐ုတ္၏ဝက္သားဘုရင္ႏွင့္ ကမာၻ႔အခ်မ္းသာဆုံး ေမြးျမဴေရးသမား Qin Yinglin ၏ မၾကာေသးမီကစုေဆာင္းရရွိခဲ့သည့္ေဒၚလာ ၂၂ ဘီလီယံပိုင္ဆိုင္မႈအေပၚ အက်ိဳးသက္ေရာက္ေစမည္ ျဖစ္ေသာ္လည္း အျမတ္အစြန္းရရွိရန္ အခြင့္အလမ္းမ်ား ရွိေနေသးသည္။
ေႂကြးတင္ဝက္ေမြးဆိုသည့္ စကားအတိုင္း ဝက္ ေမြးျမဴထုတ္လုပ္ျခင္းေၾကာင့္ စီးပြားျဖစ္ပုံကို Qin Yinglin သည္ စံနမူနာ ျဖစ္သည္။
Qin Yinglin ႏွင့္သူ၏ဇနီးသည္ ၁၉၉၂ ခုႏွစ္တြင္ဝက္ေမြးျမဴေရးၿခံ ၂၂ ေကာင္ျဖင့္ပထမဆုံးေမြးျမဴေရးၿခံကိုစတင္ခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္က ဝက္ ေကာင္ေရ ၁၀ သန္းေက်ာ္ကို ေမြးျမဴထားသည့္ လုပ္ငန္းအျဖစ္သို႔ ေရာက္ေနၿပီ ျဖစ္သည္။

ဝက္တုပ္ေကြးသည္ သူ႔ကို ကမာၻေပၚတြင္ အခ်မ္းသာဆုံး ေမြးျမဴေရး လုပ္ငန္းရွင္ ျဖစ္ေစခဲ့သည္။ coronavirus သည္ သူ၏ ခ်မ္းသာမႈအတြက္ ေဒၚလာ ၆ ဘီလီယံ အလ်င္အျမန္ တိုးေစခဲ့သည္။

Qin Yinglin ဝက္ေမြးျမဴေရးလုပ္ငန္းသည္ လတ္တေလာ လမ်ားအတြင္း အလ်င္အျမန္ ႀကီးထြားလာခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ဇြန္လကထက္ ၂ ဆမက တိုးၿပီး ေဒၚလာ ၂၂ ဘီလ်ံသို႔ ေရာက္ရွိသြားသည္။ သူသည္ ကမာၻ႔အႀကီးမားဆုံး ဝက္ေမြးျမဴသူ ျဖစ္ေသာ္လည္း တ႐ုတ္ႏိုင္ငံတြင္ သူ႔အမည္ကို သိသူ မဆိုစေလာက္သာ ရွိသည္။

သူ႔၏ ဝက္သား ကုမၸဏီမွာ Muyuan Foods ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံ ရွန္က်န္းၿမိဳ႕ စေတာ့အိပ္ခ်ိန္းတြင္ စာရင္းဝင္ထားသည္။
၂၀၁၉ ခုႏွစ္တြင္ တ႐ုတ္ျပည္၌ အာဖရိကဝက္တုပ္ေကြး က်ေရာက္ရာ ဝက္အမ်ားအျပား ေသေၾကသည္။ အမ်ားျပားကို ေျမက်င္းႀကီးမ်ားထဲ အရွင္လတ္လတ္ ထည့္ၿပီး ေျမျမႇဳပ္ သတ္ပစ္ခဲ့ရသည္။ တ႐ုတ္ျပည္တြင္း ေမြးျမဴထားေသာ ဝက္ေကာင္ေရ စုစုေပါင္း၏ ထက္ဝက္နီးပါး ေလ်ာ့က်သြားသည္။
ဝက္သား စားသုံးမႈ အမ်ားဆုံးႏိုင္ငံျဖစ္ေသာ တ႐ုတ္ျပည္တြင္းမွာ ဝက္သား ရွားပါးျပတ္လပ္မႈေၾကာင့္ ဝက္သားေဈးတက္သည္။ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလက ဝက္သားေဈးထက္ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလ ေဈးက တစ္ဆခြဲေက်ာ္ ပိုမ်ားသည္အထိ ေဈးခုန္တက္သြားသည္။

ဝက္ေမြးျမဴေရးလုပ္ငန္း အမ်ားအျပား ဒုကၡေရာက္ကုန္ၾကခ်ိန္တြင္ Muyuan Foods က အျမတ္မ်ား ပိုရေအာင္ ရွာေဖြႏိုင္ခဲ့သည္။ ၂၀၂၀ ခုႏွစ္ ပထမ သုံးလအတြင္းမွာ အျမတ္ ရရွိသည့္ ပမာဏ ရွစ္ဆခြဲေက်ာ္ တိုးသြားခဲ့သည္။
ၿပိဳင္ဘက္လုပ္ငန္းမ်ားထက္ အားသာသည့္အခ်က္မွာ Muyuan Foods သည္ ကုမၸဏီပိုင္ ဝက္ေမြးျမဳေရးၿခံမ်ားျဖင့္ ေမြးျမဴ ထုတ္လုပ္ကာ ေဈးကြက္ထဲတြင္ ေရာင္းခ်ျခင္း ျဖစ္သည္။ အျခား ဝက္သားေရာင္းခ်သည့္ လုပ္ငန္းမ်ားသည္ ဝက္ေမြးျမဴေရးလုပ္ငန္းငယ္မ်ားထံမွ စာခ်ဳပ္ျဖင္ ဝက္မ်ား ဝယ္ယူၿပီး ဝက္သား ထုတ္လုပ္ေရာင္းခ်ေနၾကျခင္း ျဖစ္သည္။
သို႔ျဖစ္ရာ Muyuan သည္ ဝက္ၿခံ သန႔္ရွင္းမႈ၊ က်န္းမာေရးႏွင္ ညီၫြတ္မႈ၊ ကူးစက္ေရာဂါ ကာကြယ္ေရး၊ ဇီဝေဘးကင္းလုံၿခဳံေရး biosecurity တို႔ကို ကိုယ့္လက္ကိုယ့္‌ေျခ စိတ္တိုင္းက် စီမံသျဖင္ ဝက္တုပ္ေကြးေၾကာင့္ ထိခိုက္မႈ နည္းပါးသည္။ ဝက္ေမြးျမဴေရးလုပ္ငန္းငယ္မ်ားမွာ အထိနာၾကၿပီး ယင္းတို႔ထံမွ ဝယ္ယူသာ ဝက္သားလုပ္ငန္းမ်ားအေနျဖင့္ အသာလက္ပိုက္ၾကည့္ေနရသည္။ ဝက္ၿခံမ်ားအတြင္း စီမံခြင့္ မရရွိၾကေခ်။
ဝက္တုပ္ေကြး ႏွိပ္စက္သျဖင္ ဝက္ေမြးျမဴေရး လုပ္ငန္းငယ္ အမ်ားအျပား လုပ္ငန္းျပဳတ္သြားၾကသည္။ ယင္းတို႔ထံမွ ဝက္မ်ား ဝယ္ယူၿပီး ဝက္သား ထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္းငယ္မ်ားလည္း လုပ္ငန္း ျပဳတ္သြားၾကသည္။
"အျမတ္ရဖို႔ အခြင့္အလမ္း ေပၚေပါက္သြားတယ္။ လုပ္ငန္းကို ပိုအားေတာင့္ေအာင္ လုပ္ဖို႔အတြက္လည္း အခြင့္သြားတယ္" ဟု အသက္ ၅၅ ႏွစ္ ရွိၿပီျဖစ္ေသာ Mr Qin က မွတ္ခ်က္ျပဳခဲ့သည္။
Mr Qin တို႔ လင္မယားသည္ ေမြးျမဴေရးပညာျဖင့္ ၁၉၈၀ ျပည့္ႏွစ္လြန္တြင္ ဘြဲ႕ရထားၾကသူမ်ား ျဖစ္သည္။ သူတို႔၏ ပထမဆုံး ဝက္ၿခံကို ဝက္ ၂၂ ေကာင္ျဖင့္ ၁၉၉၂ ခုႏွစ္တြင္ စတင္ခဲ့ၾကသည္။ ဝက္တုပ္ေကြးေရာဂါေၾကာင့္ ဝက္မ်ား အားလုံးနီးပါး ဆုံးရႈံးခဲ့ဖူးသည္။ သို႔ေသာ္ ဝက္ေမြးျမဴေရးကို စနစ္တက် လုပ္ကိုင္ခဲ့ရာ ၂၀၁၉ ခုႏွစ္တြင္ ဝက္ေကာင္ေရ ၁၀ သန္းေက်ာ္ ေမြးျမဴထားသည့္ လုပ္ငန္းႀကီး တစ္ခုအျဖစ္သို႔ ေရာက္ရွိခဲ့သည္။
ကမာၻ႔ဘဏ္၏ ပုဂၢလိကက႑အတြက္ ထားရွိသည့္ International Financial Corporation က Muyuan Foods တြင္ ၂၀၁၀ ခုႏွစ္တြင္ ရီမင္ဘီ ၆၅ သန္း ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳခဲ့သည့္အျပင္ အထူးေခ်းေငြ ရီမင္ဘီ သန္း ၂၀၀ ကိုလည္း ထုတ္ေခ်းေပးခဲ့သည္။
၂၀၁၉ ခုႏွစ္တြင္ တ႐ုတ္ျပည္မွာ ဝက္တုပ္ေကြး အဆိုးဝါးဆုံး ရင္ဆိုင္ရစဥ္ Muyuan Foods က ဝက္သားမ်ားကို ေဈးကြက္ထဲသို႔ ဆက္လက္တင္ပို႔ေနခဲ့ၿပီး အျမတ္မ်ား ႀကီးႀကီးမားမား ရရွိခဲ့သည္။ ထိုစဥ္မွာပင္ ကိုဗစ္ကပ္ေရာဂါ ဆိုက္ေရာက္ရာ နဂိုကတည္းက ရွားပါးေနေသာ ဝက္သား ပိုရွားသြားသည္။ ေဈးလည္း ခုန္တက္သည္။ Muyuan ၏ ရွယ္ယာေဈးလည္း တက္သည္။ သို႔ျဖစ္ရာ သူတို႔လင္မယား ပိုင္ဆိုင္ထားသည့္ ရွယ္ယာတန္ဖိုး စုစုေပါင္းသည္ အေမရိကန္ေဒၚလာ ၂၂ ဘီလ်ံ ျဖစ္သြားသည္။ Mr Qin ကို ကမာၻ႔အခ်မ္းသာဆုံး ဝက္ေမြးျမဴသူအျဖစ္သို႔ ေရာက္ေစခဲ့သည္။
ကမာၻ႔ ဒုတိယအခ်မ္းသာဆုံး ဝက္ေမြးျမဴသူမွာလည္း တ႐ုတ္ျပည္မွ ျဖစ္ေသာ Liu Yonghaoႏွင့္ မိသားစု ျဖစ္သည္။ New Hope Group ကို ပိုင္ဆိုင္ထားၿပီး ခ်မ္းသာသည့္ ခန္ံမွန္း ပမာဏမွာ အေမရိကန္ေဒၚလာ ၁၂ . ၅ ဘီလ်ံ ျဖစ္သည္။

Read times
Rate this item
(0 votes)