×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်စက်လုပ်ငန်းများ အဆင့်ဆင့်ပြောင်းလဲလာပုံ

ဆန်ကို အဓိကစားသုံးတဲ့ မြန်မာနိုင်ငံမှာ ဆန်စပါးလုပ်ငန်းတွေက အခြေခံ စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် တည်ရှိခဲ့ပြီး ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုပုံစံတွေကလည်း အဆင့်ဆင့် ပြောင်းလဲလာခဲ့ပါတယ်။ 

 

ရှေးခေတ်အခါက လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိလာတဲ့ စပါးတွေကို မောင်းဆုံများ၊ လက်ဆုံများနဲ့ ထောင်းဖွပ်ကာ ဆန်အဖြစ် စားသုံးခဲ့ကြပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ မြန်မာ့ဆန်စက်လုပ်ငန်းတွေကလည်း ခေတ်အလိုက် ပြောင်းလဲလာတာကို တွေ့ရပါတယ်။

 

ကိုလိုနီခေတ် ဆန်စက်များ အခြေအနေ

ကိုလိုနီခေတ်မှာ ရှေးအကျဆုံး မြန်မာ့ဆန်စက်လုပ်ငန်းကို ပုသိမ်မြို့မှာ ၁၈၅၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး မှတ်တမ်းတွေအရ ၁၈၆၇ ခုနှစ်မှာ ဂျိုးဇက်အိပ်ကုမ္ပဏီက ရန်ကုန်မြို့မှာ ဆန်စက်နှစ်လုံး တည်ခဲ့တယ်လို့ သိရပါတယ်။  ကိုလိုနီခေတ်ဦးကာလက ဆန်စပါးလုပ်ငန်းတွေ တိုးတက်လာတဲ့နဲ့အမျှ ဆန်စပါးကြိတ်ခွဲတဲ့လုပ်ငန်းတွေလည်း တပြေးညီ တိုးတက်ခဲ့ပါတယ်။ စူးအက်တူးမြောင်း မဖောက်မီ ၁၈၇၀ ပြည့်နှစ်အစောပိုင်းက မြန်မာနိုင်ငံမှ ပြည်ပကို စပါးအနေနဲ့လည်းကောင်း၊ လုံးတီးဆန် သို့မဟုတ် ငါးပုံဆန်၊ လုံးစိမ်း ( Brown Rice ) လို့ခေါ်တဲ့ အခွံခွာပြီးဆန် ( Rice not in the husk ) တွေကို တင်ပို့ခဲ့ကြပါတယ်။

 

၎င်းဆန်တွေကို သက်ဆိုင်ရာနိုင်ငံရောက်မှ ဆန်ဖြူစက်တွေနဲ့ လိုရာဆန်အမျိုးအစားရအောင် ထပ်မံကြိတ်ဖွတ်ပြီး ဈေးကွက်မှာ ရောင်းချကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ရန်ကုန်၊ ပုသိမ်၊ စစ်တွေနဲ့ မော်လမြိုင်မြို့တွေရှိ ဆန်စက်တွေဟာ လုံးတီးဆန်စက်တွေသာ ဖြစ်ကြပါတယ်။

 

၁၉၀၀ ပြည့်နှစ်မှာတော့ စတီးဘရားသားကုမ္ပဏီမှ ရန်ကုန်တိုင်း ခနောင်တိုဒေသမှာ တစ်နေ့ ဆန်တန်ချိန် ၁၀၀၀ ( စပါးတန် ၁၅၀၀ ကြိတ်ဝါးနိုင် ) တဲ့ ဆန်စက်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ၎င်းဆန်စက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဆန်စက်ကြီးဖြစ်တယ်လို့ှ သိရပါတယ်။ ကိုလိုနီခေတ်နှေင်းပိုင်းတုန်းက မြန်မာနိုင်ငံမှာ ဆန်စက်ပေါင်း ( ၆၇၃ ) စက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

 


လွတ်လပ်ရေးခေတ် ဆန်စက်များ အခြေအနေ

၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရက နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး ဆန်စက်များ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ချေးငွေ ( ၆ ) မျိုးကို ထုတ်ချေးပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ဆန်စက်တွေကိုလည်း တည်ဆောက်ခဲ့ပါတယ်။

 

တော်လှန်ရေးကောင်စီခေတ်နဲ့ ဆိုရှယ်လစ်စီးပွားရေးခေတ်ရှိ ဆန်စက်များ

၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာ ( ၂၆ ) ရက်နေ့မှာ ဆန်စပါးလုပ်ငန်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့တာကြောင့် ဆန်စက်ပိုင်ရှင်တွေအနေနဲ့ စက်ကြိတ်ခကိုသာ ခံစားခွင့် ရခဲ့ကြပါတယ်။ သတ်မှတ်ပေးတဲ့ စက်ကြိတ်ခနဲ့ ကုန်ကျငွေမှာ မကာမိလို့ ဆန်စက်လုပ်ငန်းအပေါ် စိတ်ဝင်စားမှု နည်းပါးလာကြပါတယ်။ အကျိုးအမြတ်နည်းပါးတဲ့အတွက် ဆန်စက်ကို ကောင်းမွန်အောင် ပြုပြင်နိုင်ခြင်းမရှိတော့လို့ ပြည်တွင်း ဆန်ကြိတ်ခွဲရေးနဲ့ ပြည်ပဆန်ကြိတ်ခွဲရေးမှာ ဆန်အဆင့်အတန်းများ ကျဆင်းခဲ့ပါတယ်။

 

ဒါ့ကြောင့် အစိုးရက အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေ၊ ဂျပန်နဲ့ တရုတ်ချေးငွေများနဲ့ ခေတ်မီဆန်စက်အသစ်တွေ တည်ဆောက်ဖို့ စီမံခဲ့ရပါတော့တယ်။ အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေကြောင့် တန်းမြင့်ဆန် ကြိတ်ဝါးနိုင်တဲ့ ဆန်စက်အလုံးရေလည်း တိုးတက်လာခဲ့ပါတယ်။

 

ဆန်စက်ကြီးများနဲ့ ဝေးကွာတဲ့ ဒေသမှာရှိတဲ့ တောင်သူဦးကြီးတွေ ဝမ်းစာကြိတ်ခွဲစားသောက်နိုင်ဖို့အတွက် ဟာလာဆန်စက်ငယ်များကို ခွင့်ပြုပေးခဲ့တဲ့အတွက် ဟာလာစက်အလုံးရေ တိုးတက်လာပေမယ့် တစ်ဘက်မှာ ဆန်စက်ကြီးများအနေနဲ့ စီးပွားရေးတွက်ခြေမကိုက်လို့ တဖြည်းဖြည်း လျော့နည်းသွားခဲ့ပြန်ပါတယ်။

 

ဂျပန်ခေတ်မှာ စစ်ဘေးကြောင့် စပါးမစိုက်ပျိုးနိုင်တော့သလို ပြည်ပကို ဆန်တင်ပို့မှုလည်း လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။ ဆန်စက်တွေမှာလည်း စစ်ဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၉၄၀ ပြည့်နှစ်မှာ ဆန်စက်ပေါင်း ( ၆၇၃ ) လုံးရှိခဲ့ရာကနေ ဂျပန်ခေတ်နောက်ပိုင်း ၁၉၄၇ ခုနှစ်မှာ ဆန်စက် ( ၂၇၂ ) လုံးသာ ကျန်ခဲ့တော့ပါတယ်။


ဈေးကွက်စီးပွားရေးခေတ် ဆန်စက်လုပ်ငန်းများ

ဈေးကွက်စီးပွားရေးခေတ်မှာ ၂၀၀၃ ခုနှစ်အထိ နိုင်ငံတော်တာဝန်ကျေ စပါးစနစ်ကြေင့် ဆန်စက်ကြီးအများစုမှာ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး လက်အောက်မှာ ရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဆန်စပါးလုပ်ငန်းကို လွတ်လပ်ခွင့်ပေးခဲ့ပြီးနောက် ဆန်စပါး တိုးချဲ့စိုက်ပျိုးလာကြပေမယ့်လည်း ဆန်စက်ငယ်များသာ ပိုမိုအလုပ်ဖြစ်ခဲ့ပြီး ဆန်စက်ကြီးများမှာ တာဝန်ကျေစပါးကဲ့သို့ အလုံးအရင်းနဲ့ မကြိတ်ခွဲရတော့ဘဲ ပမာဏအနည်းအကျဉ်းသာ ကြိတ်ခွဲရပြန်ပါတယ်။

 

၂၀၁၈ ခုနှစ်နောက်ပိုင်းမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်အရ နိုင်ငံပိုင် ဆန်စက်များကို ပုဂ္ဂလိကလက်ဝယ်သို့ လွှဲပြောင်းခဲ့ပြီးနောက်ပိုင်း ဆန်စက်တွေကို ပြန်လည်ပြင်ဆင် မွမ်းမံခြင်းဖြင့် ခေတ်မီ ဆန်စက်တွေ ပြန်လည်ပေါ်ထွန်းခဲ့ပါတယ်။ ဆန်စက်သစ်များကို ဂျပန်နိုင်ငံမှ ခေတ်မီ Satake ဆန်စက်ကြီးများကိုလည်းကောင်း၊ တရုတ်နိုင်ငံလုပ် ဆန်စက်သစ်များကိုလည်းကောင်း ဝယ်ယူတပ်ဆင်ကာ ဆန်စက်သစ်များကို လည်ပတ်ခဲ့ပါတယ်။

 

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ( ၂ ) ရက်နေ့မှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ( Myanmar Rice Industry Association - MRIA ) ကို ဖွဲ့စည်းခဲ့ပါတယ်။ ၎င်းအသင်းဟာ ဆန်စပါးလုပ်ငန်းရဲ့ ဦးဆောင်အသင်းသဖွယ်ရှိပြီး မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းတို့ကို ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။

 

၂၀၁၀ ပြည့်နှစ်မှာ ဆန်စက်ကြီးများ အသစ်တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းဖြင့် ဆန်စက်ကြီး ( ၃၀ ) ခန့် ပေါ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

 

Source: UMFCCI

Read times
Rate this item
(1 Vote)