×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက်

အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက် IPRD Mdy

အိန္ဒိယမှ ဝယ်လိုများတဲ့အတွက် မတ်ပဲ ဈေးနှုန်း အနည်းငယ် မြင့်တက်နေသည် လို့ မန္တလေး ပွဲစား၊

ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။


" အိန္ဒိယလိုင်းကတော့ မတ်ပဲကို ပါမစ်လေးတိုးပေးတယ်။ လိုင်စင်လည်း ချပေးတဲ့အတွက် မတ်ပဲဈေးက တက်ပါတယ်။ လက်ကျန်နဲ့ သူတို့ဝယ်ထားတဲ့ တန်ချိန်နဲ့ မလောက်ဘူး။ အဲဒါကြောင့် ဈေးတွေ အနည်းငယ်မြင့်တက်လာတာပါ။ မတ်ပဲက မြန်မာပြည်မှာ တစ်ကြိမ်ပေါ်ဘဲ ရှိတာလေ။ အခု စပါးပေါ်ပြီး မတ်ပဲစိုက်တာလေ။ မတ်ပဲက ဈေးကွက်ကောင်းနေတဲ့အခါကျ မတ်ပဲက အစိုက်များမယ့် သဘောရှိပါတယ်။ "ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးချွန်က ပြောကြားခဲ့သည်။


မတ်ပဲက အများအားဖြင့် ဒီဇင်ဘာလဝန်းကျင်တွင် အသစ်ပေါ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တတိုင်းဒေသကြီးစတဲ့ နေရာတွေမှာ အများဆုံးစိုက်ပျိုးကြသည်။ စက်တင်ဘာလ ၁ရက်နေ့က မတ်ပဲ ၆၀ ပိဿာလျှင် ၈၄၀၀၀ကျပ်မှ ၉၇၀၀၀ကျပ်ရှိရာမှ စက်တင်ဘာလ ၂၅ရက်နေ့တွင် မတ်ပဲ ၆၀ ပိဿာလျှင် ၁၀၀၀၀၀ကျပ်မှ ၁၁၀၀၀၀ကျပ်ဝန်းကျင်ထိ မြင့်တက်လာသည်ဟု မန္တလေးကုန်စည်ဒိုင်မှ ထပ်မံသိရသည်။ 

 

By Myanmar Food Guide

IPRD Mdy

Read times Last modified on Tuesday, 29 September 2020 11:10
Rate this item
(0 votes)