×

Warning

JUser: :_load: Unable to load user with ID: 540


ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲ အရောင်းအဝယ်သွက်ကာ စျေးအနည်းငယ်မြှင့်တက်လာ

ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲ အရောင်းအဝယ်သွက်ကာ စျေးအနည်းငယ်မြှင့်တက်လာ IPRD Mdy

ပဲဇီးကွက်၊ ပဲနီပြားနှင့် ထောပတ်ပဲသည် ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံမှ ဝယ်ယူမှုများကြောင့်

အရောင်းအဝယ်သွက်ကာ စျေးအနည်းငယ်မြှင့်တက်လာခဲ့သည်။


" လက်ရှိ ပဲဇီးကွက် အခြေနေကတော့ တောင်ပေါ်ကလည်း နည်းနည်းဝယ်ချင်တယ်။ မြို့ပေါ်ဝယ်လက်တွေကလည်း နည်းနည်းဝယ်လာတဲ့အတွက် စျေးအနည်းငယ်မြင့်တက်နေတယ်။ ထောပတ်ပဲ၊ ပဲနီပြား ပြည်တွင်းသုံးပဲလေးတွေလည်း စျေးအနည်းငယ်တက်ပါတယ်။ အိမ်သုံးအတွက် ဝယ်တာလေးတွေ ရှိပါတယ်။ ကုန်စည်ဒိုင်ကလည်း ပိတ်ထားတဲ့အခါကျတော့ နယ်တွေကလည်း အဝင်နည်းသွားတော့ လက်ကျန်တွေဘဲ ရောင်းကြတော့ အဲပဲလေးတွေက အနည်းငယ်စျေးတက်တယ်လို့ ပြောလို့ရတယ် " ဟု မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ဒုတိယဥက္ကဌ ဦးချွန်က ပြောကြားခဲ့သည်။


စက်တင်ဘာလ ၁ရက်နေ့က ပဲနီပြား(သစ်) ၅၅ပိသာလျှင် ၅၀၀၀၀ကျပ်မှ ၆၅၀၀၀ကျပ်ဝန်းကျင်၊ ပဲထောပတ် ၅၆.၂၅ ပိဿာလျှင် ၅၀၀၀၀ကျပ်မှ ၅၃၅၀၀ကျပ်ဝန်းကျင်၊ ပဲဇီးကွက် (သစ်) ၅၈.၂၅ပိဿာလျှင် ၅၆၀၀၀ကျပ် ဝန်းကျင်ရှိရာမှ စက်တင်ဘာလ ၂၅ရက်နေ့တွင် ပဲနီပြား ( သစ်) ၅၅ပိဿာလျှင် ၅၈၀၀၀ကျပ်မှ ၇၅၀၀၀ကျပ်ဝန်းကျင်၊ ပဲထောပတ် ၅၆.၂၅ ပိဿာလျှင် ၅၁၀၀၀ကျပ်မှ ၅၇၀၀၀ကျပ်ဝန်းကျင် ၊ ပဲဇီးကွက် (သစ်) ၅၈.၂၅ပိဿာလျှင် ၅၇၀၀၀ကျပ် ဝန်းကျင်ထိ စျေးအနည်းငယ် မြင့်တက်လာသည် လို့ မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

By Myanmar Food Guide


IPRD Mdy

Read times
Rate this item
(0 votes)