×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောအမျိုးပေါင်း ၄၃၀ တွေ့နိုင်သည့် အိန္ဒိယမှ ငှက်ပျောစိုက်ခင်း

အသက်၆၀အရွယ် Vinod Sahadevan Nair သည် အိန္ဒိယနိုင်ငံ၊ ကီရာလာရှိ သူ၏အိမ်နောက်ဖေးဘက် စိုက်ခင်းတွင် ငှက်ပျောပင်များကို စိုက်ပျိုးပြီး ကြက်နှင့်ဘဲများကို မွေးမြူသည်။

 

Vinodသည် အသက်၁၂ နှစ်အရွယ်မှစ၍ လယ်သမားတစ်ဦးဖြစ်ခဲ့ပြီး နှစ် ၃၀ အတွင်း ထူးခြားဆန်းပြားသော ငှက်ပျောမျိုးစိတ်ပေါင်း ၄၃၀ ခန့်ကို စုဆောင်းခဲ့သည်။ Vinodသည် ကလေးဘဝတုန်းက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ဖခင်ဖြစ်သူနှင့်အတူ အိမ်နောက်ဖေးဘက် စိုက်ခင်းတွင် အုန်းသီးနှင့်ငှက်ပျောသီမျိုးကွဲပေါင်း ၁၁ ခုကို ပြုစုပျိုးထောင်ခဲ့ပါတယ်။

 

Vinodသည် ကျောင်းသားတစ်ဦးဖြစ်ပြီး ရူပဗေဒဘာသာရပ်ဖြင့် ကောလိပ်တက်ရောက်ခဲ့ပြီး သူနေထိုင်ရာ Parassala ရွာ၏ မြောက်ဘက်မိုင် ၁၅၀ အကွာရှိ ကိုချီမြို့တွင် ဝက်ဘ်ဒီဇိုင်းပညာရှင်အဖြစ် အလုပ်တစ်ခုရခဲ့သည်။ သို့တိုင် စနေ၊ တနင်္ဂနွေနေ့များတွင် သူ၏မိသားစုထံ အလည်လာပြီး စိုက်ခင်းတွင် အလုပ်ကူလုပ်ပေးလေ့ရှိခဲ့သည်။

 

၂၀၁၂ ခုနှစ်တွင် Vinod သည် ငှက်ပျောပင်စိုက်ပျိုးရန် လိုအပ်သည့် မျိုးစေ့ဝယ်ယူရန် သူ၏မွေးရပ်မြေရှိ စိုက်ပျိုးရေးဌာနတစ်ခုသို့ သွားခဲ့သည်။ သို့သော် သူလိုချင်သော ထူးခြားဆန်းပြားသည့် မျိုးစေ့မျိုး မရရှိခဲ့ပေ။ ထို့ကြောင့် Vinod သည် ငှက်ပျောစိုက်ပျိုးရေးနှင့်ပတ်သတ်သော ဗဟုသုတများကို ကိုယ်တိုင်ရှာဖွေလေ့လာခဲ့သည်။ သူသည် အင်တာနက်မှတစ်ဆင့် အိန္ဒိယရှိအခြားစိုက်ပျိုးရေးဌာနများသို့ သူသိချင်သော မေးခွန်များကို အီးမေးလ်ပို့၍ မေးခဲ့သည်။ ထူးခြားဆန်းပြားသော ငှက်ပျောမျိုးကွဲများ ဝယ်ယူရန် နိုင်ငံအနှံ့အပြားသို့ ခရီးထွက်ခဲ့သည်။

 

၂၀၁၅ နှစ်ကုန်ပိုင်းတွင် သူ့မိခင် သေဆုံးမှုကြောင့် သူ့ဖခင်ကိုစောင့်ရှောက်ရန် Parassala သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။ သူသည် အချိန်ပြည့်လယ်ယာလုပ်ငန်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီး ငှက်ပျောသီးစိုက်ပျိုးရန် မြေဧကအနည်းငယ်ဝယ်ယူခဲ့သည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ်ငှက်ပျောသီးတန်ချိန် ၂၉ သန်းခန့် ထုတ်လုပ်ပြီး ၁ရာခိုင်နှုန်းမျှသာ ပြည်ပသို့ တင်ပို့သည်။ မိုးရွာသွန်းမှုများပြားခြင်း၊ နေရောင်ခြည်နှင့် မြေသြဇာကောင်းသောမြက်ခင်းလွင်ပြင်များကြောင့် အိန္ဒိယတောင်ပိုင်းတွင်သာမက အရှေ့မြောက်ပိုင်းဒေသများတွင်ပါ ငှက်ပျောသီး စိုက်ပျိုးဖြစ်ထွန်းခဲ့သည်။

 

ပြီးနောက် သူသည် အရှေ့တောင်အာရှတိုင်းပြည်ကို ငှက်ပျာသီး ဇစ်မြစ်နှင့်ဇီဝမျိုးကွဲများ ဖြစ်ထွန်းရာ အရင်းအမြစ်နေရာအဖြစ် ယူဆခဲ့သည်။ ငှက်ပျောသီးသည် ကီရာလာတွင် အမြတ်အစွန်းအများဆုံးရသော သီးနှံဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာ လိုအပ်သောကြောင့် စိုက်ပျိုးရန် အလွယ်ကူဆုံးဖြစ်သည်။ သူသည် အာရှမှရရှိသော nendran အမည်ရ ငှက်ပျောမျိုးစေ့ကို စီးပွားဖြစ် စိုက်ပျိုးပြီး ကီရာလာရှိ ရိုးရာအစားအစာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။ Vinodက “ကျန်တဲ့ငှက်ပျော မျိုးစေ့တွေကိုလဲ စိုက်ခင်းတွင် စိုက်ပျိုးချင်သေးပါတယ်" ဟုပြောပါသေးသည်။

 

ပြီးခဲ့သည့်ငါးနှစ်တာကာလအတွင်း Vinod သည် အိန္ဒိယရှိပြည်နယ်အားလုံးနီးပါးကို သွားခဲ့ပြီး ငှက်ပျောမျိုးစေ့အသစ်များကို ယူဆောင်လာခဲ့ပြီး မှတ်စုများရေးသားပြီး မှတ်တမ်းပြုစုခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ငှက်ပျောသီးကို နေရာအနှံ့တွင် တွေ့ရသော်လည်း ၁၂ပေအမြင့်ရှိသော ငှက်ပျောခိုင် ပါသည့် ငှက်ပျောပင်သည် အလွန်ရှားပါးသည်။ 

 

ငှက်ပျောဖီးများ အစီအရီဖြင့် ၁၂ ပေ ရှိသော ငှက်ပျောခိုင်ပါသည့် ငှက်ပျောပင်ကို သူ့ ငှက်ပျောခြံတွင် စိုက်ပျိုးထားသည်။ အသီးတစ်ထောင် လက်ချောင်း ငှက်ပျောပင်ဖြစ်ပြီး မလေးရှားတွင် pisang seribu ဟု ခေါ်ဝေါ်ကြသည်။ အိန္ဒိယတွင် ayiram poovan ဟု ခေါ်ဝေါ်ကြသည့် ငှက်ပျောပင် ဖြစ်သည်။

 

အသီးအလုံးပေါင်း ၁,၀၀၀ အထိ သီးသည်။ အသီးအရွယ်အစားမှာ ၁လက်မခွဲမှ ၂ လက်မအထိ ရှိသည်။ ထိုငှက်ပျောမျိုးသည် သူတန်ဖိုးထားသည့် ငှက်ပျောပင်များထဲမှ တစ်ပင် ဖြစ်သည်။ " ငှက်ပျောခြံကို လာလည်တဲ့သူတိုင်းကို ညှို့ယူ ဖမ်းစားတယ်" ဟု သူက ပြောသည်။ Vinod သည် အနီးအနားရှိ ငှက်ပျောစျေးကွက်တွင် ဒေသထွက်မျိုးစေ့ကွဲများကို ရောင်းချပြီး ရင်းနှီးသော သူငယ်ချင်းနှင့် ဆွေမျိုးများကို လက်ဆောင်ပေးပါသည်။

 

ထို့ကြောင့် Vinod သည် National Research Centre for Banana က Limca မှတ်တမ်းစာအုပ်ထဲတွင် "တီထွင်ဆန်းသစ်သောလယ်သမား" အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့်အပြင် ငှက်ပျောပြပွဲများမှ ဖိတ်ကြားခံရသူလည်း ဖြစ်ပါသည်။ သူသည် သားဖြစ်သူ Abaneesh နှင့် ကျေးရွာကလေးများအား လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်ရန် လှုံ့ဆော်အားပေးနေသူလည်းဖြစ်သည်။

Atlasobscura.com

Read times Last modified on Friday, 15 January 2021 16:54
Rate this item
(0 votes)