ကိုယ်ဝန်ဆောင်တွေ အတွက် ဆောင်ရန် ရှောင်ရန် အစာအစားများ
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ ကလေးအတွက်ရော မိမိအတွက်ပါ လိုအပ်သော ဗီတာမင် ၊ အာဟာရဓါတ်တွေ
ကြွယ်ဝဖို့ လိုအပ်လှပါတယ်။
မိခင်လောင်းတွေဟာ ကျန်းမာရေးကောင်းမွန်အောင် အသီးအနှံတွေကိုလည်း စားသုံးကြပါတယ်။ သို့သော် အချို့အသီးအနှံတွေဟာ မလိုအပ်သော ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း လုံးဝ (လုံးဝ) မစားသင့်သော အသီးများ
၁. သင်္ဘောသီးအစိမ်း
ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်နိုင်ရန် ကြိုးစားနေတဲ့ အမျိုးသမီးတိုင်း သင်္ဘောသီး အစိမ်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ အဆိုးဆုံးကတော့ သင်္ဘောသီးအစိမ်းမှာ ပါဝင်တဲ့ဓာတ်က သားအိမ်ကို ကျဉ်းစေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်အတွင်း စားသုံးလျှင် အစာမကြေမှုကိုလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် မွေးဖွားရာတွင်လည်း ခက်ခဲစေပါတယ်။
ကိုယ်ဝန်ဆောင်များ ပထမသုံးလမှာ ရှောင်သင့်တဲ့ အစာများ
၂. နာနတ်သီး
ကိုယ်ဝန်ဆောင်ချိန်အတွင်း နာနာသီးကို လွန်ကျွံစွာ စားသုံးခြင်းက မိခင်ကိုယ်ခံအားအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ နာနတ်သီးမှာ bromelain ဓာတ်တွေများစွာ ကြွယ်ဝပြီး သားအိမ်ခေါင်းကို ပျော့စေကာ ကလေး စောစီးစွာ မွေးဖွားနိုင်ပါတယ်။
အမျိုးသမီး အများစုဟာ နာနတ်သီးဖျော်ရည် များများသောက်သုံးခြင်းက မွေးဖွားရာတွင် လွယ်ကူစေတယ်လို့ ယူဆခြင်းဟာ လုံးဝမှားပါတယ်။ ဒီလိုတွေ အလွန်အကဲ သောက်သုံးခြင်း၊ စားသုံးခြင်းက မိခင်အတွက်ရော ကလေးအတွက်ပါ မကောင်းတာကြောင့် ဒီလိုပြုမူမှုတွေကို ရှောင်ရှားသင့်ပါတယ်။
၃. စပျစ်သီး
ကိုယ်ဝန်လရင့်တဲ့အချိန်မှာ ခန္ဓာကိုယ် အပူချိန်အတွက် စပျစ်သီးကို မစားသင့်ပါဘူး။ စပျစ်သီးခြောက် အပါအဝင် စပျစ်သီးပါဝင်သော ဘယ်လိုအစားအစာမျိုး မဆို ရှောင်ရှားသင့်ပါတယ်။
စပျစ်သီးမှာပါဝင်တဲ့ ဓာတ်ကြောင့် မိခင်ကို အဆိပ်သင့်မှု ဖြစ်စေနိုင်ပါတယ်။ အစာအိမ်အတွင်း အပူချိန်လွန်ကဲမှုကြောင့် အမျိုးသမီးအတွက် လှုပ်ရှားမှုလေးကွေးစေပြီး အဆိုးဆုံးကတော့ ဝမ်းပျက်ဝမ်းလျှောမှု ဖြစ်စေနိုင်ပါတယ်။
၄. မက်မွန်သီး
မက်မွန်သီးဟာ သံဓာတ်အလွန်ကြွယ်ဝပြီး ပရိုတိန်း ၊ သကြားဓာတ်၊ ဇင့်ဓါတ် များလည်း ပါဝင်ပါတယ်။ မက်မွန်သီးက အပူစာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ စားသုံးလျှင် သွေးယိုဆင်းမှုများ ဖြစ်နိုင်ပါတယ်။
မက်မွန်သီးကိုစားသုံးခြင်းကြောင့် ကိုယ်ဝန်ဆောင်တွေမှာ အခန့်မသင့်လျှင် လည်ချောင်းယားယံပြီး ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။
၅. ဇီးသီး
ဇီးသီးဟာ အပူစာဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်များ မစားသုံးသင်ပါဘူး။ များများစားသုံးလျှင် ခန္ဓာကိုယ် အပူချိန် တက်လာနိုင်ပြီး အစက်အပြောက်တွေ ပေါ်လာနိုင်ပါတယ်။ မိခင်ရော ကလေးကျန်းမာရေးအတွက်ပါ ကောင်းတဲ့ အသီးမဟုတ်တာကြောင့် မစားမိအောင် ရှောင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကာလ အပိုင်းအခြား အလိုက် စားသုံးသင့်သည့် အကောင်းဆုံး အစား အစာများ
ကလေးငယ်များ ဖွံ့ဖြိုးမှုဟာ မိခင်ရဲ့ စားသောက်မှုအပေါ်မှာ မူတည်နေတယ်ဆိုတာ မိခင် အနေနဲ့အစား အများကြီး စား ဖို့မဟုတ်ပဲ အဟာရပြည့်၀ တဲ့ အစားစာများကို စားသုံးသင့်တာ ကို ရည်ညွှန်းပါတယ်။ အောက်ဖော်ပြပါ အစားအသောက်များကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းဆုံးသော စားသုံး သင့်သည့် အစားအစာများဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်များ ပထမသုံးလတွင် စားသင့်တဲ့ အစာများ
၁. ငှက်ပျောသီး
- ကိုယ်ဝန်နုချိန်တွင် ငှက်ပျောသီး စားသုံးခြင်းဖြင့် ပျို့ချင် အန်ချင်ဖြစ်ခြင်း မအီ မသာ ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။
- ငှက်ပျောသီး တွင် ဗီတာမင် ဘီ6၊ အမျှင်ဓါတ်၊ ဗီတာမင် စီ နှင့် ပိုတက်စီယမ် ဓါတ်များပြည့်ဝစွာ ပါဝင်သည်။
၂. ဟင်းနုနယ်ရွက်
- ဟင်းနုနယ်ရွက်တွင် folate ဓါတ်များစွာ ပါဝင်သည်။ folate ဓာတ်သည် ကိုယ်ဝန ်နုချိန်တွင် အထူး လိုအပ်ပြီး ကလေးငယ်များ မွေးရာပါ ဦးနှောက်နှင့် အာရုံကြော ချွတ်ယွင်းသည့် ရောဂါများ မဖြစ်ပွား စေရန် ကာကွယ်ပေးသည်။
- ဟင်းနုနယ်ရွက်တွင် folate ဓာတ် အပြင် အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင် အေ၊စီ၊ကေ နှင့် manganese တို့ပါဝင်သည်။
၃. ပဲများ
- ပဲများတွင် အားလုံး သိသည့် အတိုင်း လူတွေ အတွက် အသားဓာတ်နှင့် အမျှင်ဓာတ် ကြွယ်ဝသည့် အဓိက အရင်း အမြစ်ဖြစ်သည်။
- ပဲတွေမှာ ပါဝင်သည့် အမျှင်ဓါတ် များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်လေ့ ရှိသည် ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။
- ကိုယ်ဝန်ဆောင်မိခင်များ၏ ၄၀% ဟာ ဝမ်းချုပ် တဲ့ဒုက္ခကို ခံစားကြရပြီး ထို ဝမ်းချုပ်ခြင်း ဝေဒနာ အတွက် ပဲများသည်သာ အကောင်းဆုံးဖြစ်သည်။
၄. ငရုပ်ပွ အနီများ
- ငရုပ်ပွ အနီ များတွင် သာမန် ငရုပ်သီး အစိမ်းများ ထက် ဗီတာမင်စီ ၂ဆ ပါဝင် သည်။ ငရုပ်ပွ အနီ များသည် လိမ္မော်သီးများ ထက် ဗီတာမင်စီ ၃ဆ ပါဝင်သည်။
- ဗီတာမင်စီ စားသုံး ခြင်းဖြင့် သံဓာတ်စုပ်ယူမှုကို မြန်ဆန်စေသောကြောင့် အစာ စားလျှင် ငရုပ်ပွ အနီ များကို ထည့်စားဖို့မမေ့ သင့်ပါဘူး။
ကိုယ်ဝန်ဆောင်များ ဒုတိယသုံးလတွင် စားသင့်တဲ့ အစာများ
၁. ဥများ
- ဥ အနှစ်များတွင် choline ဓါတ်များစွာ ပါဝင်သောကြောင့် သင့် နှင့် သင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးသော ဓာတ် တစ်မျိုးဖြစ်သည်။ ထိုအဟာရဓါတ် ကို ပဲပိစပ်၊ အမဲသား နှင့် နွားနို့တို့မှ လည်းရရှိနိူင်ပါသည်။
၂. ထောပတ်သီး
- ထောပတ်သီးတွင် လူ့ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်သော အဆီဓာတ်များပါဝင်ပြီး နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ် ပေးပါသည်။
- ထောပတ်သီးဟာလည်း ကိုယ်ဝန်ဆောင်ချိန် တွင် ဖြစ်တတ်သော ပျို့အန်ချင်စိတ်ကို သက်သာပျောက်ကင်း စေပါသည်။ ကလေး၏ ဦးနှောက် နှင့် တစ်ရှူး ဖွံ့ဖြိုးမှုကိုလည်း အထောက်အပံ့ဖြစ်စေပါသည်။
၃. ဒိန်ချဉ်
- ဒိန်ချဉ် တွင် ကယ်စီယမ် ပြည့်ဝခြင်းကြောင့် မိခင်ကော ကလေးပါ အရိုး တည်ဆောက်မှုကို ကောင်းမွန်စေပါသည်။
ကိုယ်ဝန်ဆောင်များ တတိယသုံးလတွင် စားသင့်တဲ့ အစာများ
၁. သင်္ဘောသီး အမှည့်
- သင်္ဘောသီးဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ရင်ပူခြင်းကို သက်သာ ပျောက်ကင်းစေ ရန် အကောင်းဆုံးလမ်း ဖြစ်ပါသည်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ခင်များ ကတော့ သဘောၤသီး အမှည့်ကိုသာ စားသုံးရပါမည်။
၂. အခွံမာသီး များ
- ကိုယ်ဝန်ဆောင် မိခင်များ အစာကို အကြိမ် များစွာ စားသုံးဖို့လိုအပ်လာသည် တတိယ ၃လ အချိန်တွင် အခွံမာသီးများကို စားသုံးပေးရမည်။
၃. အဆီဓါတ်ကြွယ်ဝသော ငါးများ
- အဆီ ဓါတ်ကြွယ်ဝသော ငါးများကို စားသုံးခြင်းဖြင့် omega 3 ဓာတ်ကြွယ်ဝကာ နှလုံး နှင့် ဦးနှောက်ကို ပိုမို အားကောင်းစေသည်။
- ထို့အတူ ပန်းမုန်လာ အစိမ်း၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အရွက်များ အရောင်စုံ အသီးအနှံ များကိုလည်း အဟာရပြည့်ဝစေရန် စားသုံးသင့်ပါသည်။