×

Warning

JUser: :_load: Unable to load user with ID: 540


မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများ ဆူးပုတ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ဆူးပုတ်ပင်များ စိုက်ပျိုးခြင်းဖြင့် ပုံမှန်ဝင်ငွေ ရရှိနေသောကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ဆူးပုတ်စိုက်ပျိုးသူများထံမှ သိရသည်။

 

“ကျွန်တော်ကတော့ ဆူးပုတ်၊ ဘူး၊ မေမြို့ပန်းတွေကို စိုက်ပျိုးပါတယ်။ ဆူးပုတ်ပင်ကို ပေါင်းမြက်တွေရှင်း ရေမှန်မှန် သွင်းပေးပြီး ဂရုစိုက်နိုင်ရင်တော့ ၃ ရက်တစ်ခါလောက် ခူးရောင်းလို့ ရတယ်ဗျ။ အရောင်းလည်းသွက်တယ် တစ်ခြံလုံးဆို ၁၅ ပိဿာ ကျော်ကျော်လောက် ရတဲ့အပြင် ပုံမှန်ဝင်ငွေ ရတာဆိုတော့ ကျွန်တော်တို့ တောင်သူတွေ အနေနဲ့ အဆင်ပြေတာပေါ့ဗျာ”ဟု ကျောက်တန်းကျေးရွာမှ ဆူးပုတ်စိုက်ပျိုးသူတစ်ဦးက ပြောသည်။

 

ဆူးပုတ်ပင်များ စိုက်ပျိုးရာတွင် ၇ ရက်တစ်ခါ ရေသွင်းပေးရပြီး မြက်နုတ်ပေါင်းသင် ပြုလုပ်၍ မြေဩဇာ ကျွေးနိုင်ပါက ၃ ရက်ခြား ခူးရောင်းရကာ ဆူးပုတ်တစ်ပိဿာ ၃၅၀၀ ကျပ်ဈေးရှိကြောင်းလည်း သိရသည်။

 

ဆူးပုတ်ပင်သည် အခြား မုံလာ၊ မုံညှင်း၊ နံနံစသော ဟင်းသီးဟင်းရွက်ပင်များကဲ့သို့ ထိကပ်၍ စိုက်ရသော အပင်များ မဟုတ်ဘဲ ကိုင်းတက်များ ဖြာထွက်ပြီး တစ်ပင်နှင့်တစ်ပင် ကိုင်းခြင်းယှက်နေသောကြောင့် သုံးပေ လေးပေခြား၍ စိုက်ပျိုးရသည်။

 

Source: mdn.gov.mm

Read times Last modified on Friday, 09 July 2021 12:39
Rate this item
(0 votes)