×

Warning

JUser: :_load: Unable to load user with ID: 540


ဂျာမနီနိုင်ငံရှိ Fruit Juice လုပ်ငန်းဈေးကွက်

ဂျာမနီနိုင်ငံရှိ သစ်သီးအချိုရည် (Fruit Juice) လုပ်ငန်းသည် စားသောက်ကုန် လုပ်ငန်းများအနက်

အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော်အတွင်း ဖွံ့ဖြိုးတိုးတက်မှု ရရှိနေသော လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ နှစ်စဉ်အရောင်းဝင်ငွေများသည် ၁၉၅၀ ခုနှစ်တွင် ယူရို (ဝ.၀၂၆) ဘီလီယံမှ ၂၀၂၁ ခုနှစ်တွင် ယူရို (၃.၀၉) ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ ၂၀၂၁ ခု နှစ်အတွင်း ထုတ်လုပ်သည့် လုပ်ငန်းပေါင်း(၃၁၁)ခု ရှိကာ လုပ်သားဦးရေ (၇၅၀၀) ခန့်က သစ်သီးဝလံ ဟင်းသီးဟင်းရွက် တန်ချိန်ပေါင်း (၈၀၀၀၀၀)မှ စုစုပေါင်း လီတာ ၃.၀၆ ဘီလီယံကို ထုတ် လုပ်နိုင်ခဲ့ပါသည်။

 

ဂျာမန်စားသုံးသူများသည် သစ်သီးအချိုရည်နှင့် ဖျော်ရည်စုံ (Fruit Juice and nectar) များစွာသောက်သုံးလေ့ရှိကြပြီး လူတစ်ဦးချင်း စားသုံးမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ၂၈.၅ လီတာ ရှိပါသည်။ အမေရိကန်နိုင်ငံတွင် လူတစ်ဦးချင်းစားသုံးမှု (၂၂.၈) လီတာနှင့် ပိုလန်နိုင်ငံ တွင်(၂၁.၉) လီတာရှိပါသည်။

 

Fruit Juice များအနက် ဂျာမနီနိုင်ငံတွင် လိမ္မော်ရည်နှင့် ပန်းသီးဖျော်ရည်များမှာ လူကြိုက်အများဆုံးဖြစ်ပြီး တစ်ဦးချင်း သောက်သုံးမှု (၆.၉)လီတာနှင့် (၅.၆)လီတာ အသီးသီး ရှိကြပါသည်။ အခြားအမျိုးအစားများဖြစ်သည့် Multivitamin fruit juice၊ စပျစ်သီးနှင့် နာနတ်သစ်သီးအချိုရည်များကိုလည်း သောက်သုံးမှု ရှိကြပါသည်။ ပြန်လည်အသုံးပြုနိုင်သော ပုလင်းခွံများကို အသုံးပြုသည့်စနစ်ကို ကျင့်သုံးပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း Fruit Juice သောက်သုံးသူများ ယခင်ကထက် ပိုမိုများပြားလာခဲ့ပြီး သဘာဝအတိုင်း ထုတ်လုပ်ထားသော အချိုရည်များကို ပိုမိုကြိုက်နှစ်သက်ကြပါသည်။

 

Association of the German Fruit Juice Industry (VdF) သည် Fruit and vegetable Juice/ nectar ထုတ်လုပ်သည့်လုပ်ငန်းများအကျိုးစီးပွားအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ အဆင့်လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနေပြီး လုပ်ငန်းပေါင်း(၁၈၅) ခုကို တိုက်ရိုက်ဆက် သွယ်ဆောင်ရွက်ကာ (၁၄၁)ခုကို ဒေသအလိုက် အသင်းအဖွဲ့ (၄) ခုမှတစ်ဆင့် ဆောင်ရွက်လုပ်ကိုင်ပါသည်။

 

VdF ၏ Recipe session က အဖွဲ့ဝင်ကုမ္ပဏီများအတွက် အချိုရည်နှင့် ဖျော်ရည်အရသာပိုင်း၊ အချိုပွဲ၊ အသုပ်၊ ကော့တေးလ် စသည်တို့အတွက် တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်ကာ ပြင်ဆင်သင့်သည့် recipe အသစ်များကို အကြံပြုပံ့ပိုးပေးပါသည်။ VdF သည် European fruit juice association (AIJN)နှင့် International Federation of Fruit Juice Producers (IFU) တို့နှင့် ပူးပေါင်းဆောင်ရွက်ကာ သစ်သီးအချိုရည်နှင့် ဖျော်ရည်များ အရည်အသွေးမြင့်မားရေးကို လည်းဆောင်ရွက်လျှက်ရှိပါသည်။

 

AIJN နှင့် အီးယူအဖွဲ့ဝင်များသည် ၁၉၉၄ ခုနှစ်တွင် သစ်သီး အချိုရည်၊ ဖျော်ရည်များအတွက် တစ်ပြေးညီအရည်အသွေးထိန်းသိမ်းမှု စနစ်တစ်ခုအနေဖြင့် European Fruit Juice Control System (EQCS) ကို စတင်တည် ထောင်၍ တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် European Fruit Juice Control System (EJCS) အမည်ဖြင့် ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံတွင် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ ပေါကြွယ်ဝခြင်းကြောင့် အရည်အသွေးမီ အချိုရည်နှင့် ဖျော်ရည်များ ထုတ်လုပ်တင်ပို့ရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပို့ကုန်ဝင်ငွေတိုးမြှင့်နိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

Source: https://www.fruchtsaft.de
#MyanmarFoodIndustryGuide

Read 563 times
Rate this item
(0 votes)