×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အာလူး ပြည်ပတင်ပို့မှု ဆက်လက်ကြီးထွား

တရုတ်အာလူး ပြည်ပတင်ပို့မှု ဆက်လက်ကြီးထွား

 

၂၀၂၂ ဇူလိုင်လမှာ တရုတ်နိုင်ငံမှ အာလူး (လတ်ဆတ်အာလူး၊ အေးခဲအာလူး)  အများဆုံး တင်ပို့ခဲ့တဲ့ ထိပ်တန်း (၁၀) Top -10 နိုင်ငံများမှာ

မလေးရှား၊

ဗီယက်နမ်၊

မြန်မာ၊

ထိုင်း၊

ရုရှား၊

စင်ကာပူ၊

သီရိလင်္ကာ၊

ဟောင်ကောင်၊

ဘရူနိုင်းနှင့်

မကာအို တို့ ဖြစ်ပါတယ်။

ထို ၁၀ နိုင်ငံအနက် တရုတ်အာလူး အများဆုံး တင်သွင်းတဲ့နိုင်ငံက မလေးရှားနိုင်ငံ ဖြစ်ပါတယ်။

 

တရုတ်အာလူး ပြည်ပတင်ပို့မှု ဇွန်လတွင် ပိုများလာခဲ့ပြီး ဇူလိုင်လတွင်လည်း ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။ ယခုလမှာ အာလူးအသစ်များ ဈေးကွက်ထဲ ထပ်မံ ရောက်ရှိလာနေတာကြောင့် လက်ကျန် အများအကြား ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

 

အားလူးပြည်ပပို့ကုန် လုပ်ငန်းများ အမှာစာများ ပုံမှန် ရရှိနေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု မပြင်းထန်တော့တဲ့အတွက် ရေကြောင်းမှ ပို့ဆောင်တဲ့ ဈေးကွက် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပါတယ်။ 

 

သင်္ဘောတန်ဆာခတွေလည်း ဆက်လက်ကျဆင်းနေပါတယ်။ ထိုအ‌ခြေအနေအရပ်ရပ်ကြောင့် တရုတ်အာလူး ပြည်ပတင်ပို့မှု ပိုများလာပါတယ်။

 

 အကောက်ခွန်ဌာနမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ လတ်ဆတ်အာလူးနှင့် အေးခဲအာလူး ဇွန်လမှာ ၄၄.၆၇ ကီလိုတန် ပြည်ပတင်ပို့ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၆.၆၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ 

 

 ဇူလိုင်လ ပြည်ပပို့ကုန် ပေါက်ဈေးနှုန်းမှာ လတ်ဆတ်အာလူး သို့မဟုတ် အေးခဲအာလူး တစ်တန် အမေရိကန်ဒေါ်လာ ၄၉၀ ဖြစ်ပါတယ်။ ဈေးကျသွားပါတယ်။ ဇွန်လမှာ ပေါက်ဈေး အနေရိကန်ဒေါ်လာ ၆၃၁ ရှိခဲ့ပါတယ်။ 

 

Source: Malingshu

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

 

Read 1100 times Last modified on Monday, 05 September 2022 09:43
Rate this item
(0 votes)