India

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းစတိုင်လ် အာလူးထမင်းနယ်

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ ရှမ်းအစားအစာတစ်မျိုးဖြစ်ပြီး အိမ်တွင်လည်း

လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အာလူးထမင်းနယ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊
ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်တို့ လိုအပ်ပါမယ်။



ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးဖြင့် တည်ထားပါ။ ကျက်ပြီဆိုလျှင် ထမင်းကို အအေးခံထားပါ။

 

ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြုတ်ထားပြီး ထမင်းကျက်လျှင် ခရမ်းချဉ်သီးကို ထုတ်ယူကာ ဓါးနှင့်တောက်တောက်စင်းပြီး ဒယ်အိုးထဲကာ ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ရေထည့်ပြီး ခရမ်းချဉ်သီးချက် အရည်ကျဲကျဲ ချက်ထားပါ။

 

အာလူးကို နူးအိအောင်ပြုတ်ပြီး အခွံခွာကာ ကျေအောင်ချေထားပါ။ကက်သွန်ဖြူ တစ်လုံးကိုထောင်း နနွင်းမှုန့်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ ဆီများများနှင့် အရောင်လှအောင် ဆီသတ်ထားပါ။

 

ငရုတ်သီးခြောက်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။ကက်သွန်မိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။


ကြက်သွန်မိတ်၊ ဂျူးမြစ်တို့ကို ရေစင်စင်ဆေးထားပါ။



ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး၊ ဆီချက်၊ ဟင်းခတ်မှုန့်နှင့် ဆားထည့်ကာ စေးပိုင်နေအောင် နယ်ပြီး အပေါ့၊ အငန်မြည်းပြီး လက်ကို မကပ်စေရန် လက်ကိုဆီချက်သုတ်ကာ အလုံးသေးသေးလေးတွေဖြစ်အောင် လုံးထားလိုက်ပါ။



အားလူးထမင်းနယ် စားခါနီးလျှင်တော့ ပန်းကန်ထဲကို လုံးထားတဲ့ အာလူးထမင်းထည့်၊ ခရမ်းချဉ်သီးချက်၊ ဆီချက်ဆမ်းပြီး ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို ဖြူးလိုက်ပါ။

 

ပြီးနောက် ဂျူးမြစ်၊ ကြက်သွန်မိတ်၊ ငရုတ်သီးတောင့်ကြော်၊ ငါးမုန့်ကြော်တို့နှင့် အာလူးထမင်းနယ်ကို တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read 9411 times Last modified on Tuesday, 18 September 2018 15:32
Rate this item
(1 Vote)