India
မာလာဟင်း ချက်နည်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ
အိမ်တွင်လည်း ကိုယ်တိုင်ကိုယ်ကျ လုပ်စားနိုင်တဲ့ မာလာဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ မာလာဟင်းအနှစ်ချက်ရန်အတွက် မာလာဟင်းအနှစ်၊ ငရုတ်သီးမှုန့်နှင့် မာလာဟင်းအတွက် ကြက်သားချောင်း၊ မာလာခေါက်ဆွဲအဖြူ၊ မာလာခေါက်ဆွဲအညို၊ မာလာခေါက်ဆွဲအစိမ်း၊ ဟင်းရွက်အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး မာလာခေါက်ဆွဲအစိမ်းရောင်ကို ရေစိမ်ပေးရပါမယ်။ ခေါက်ဆွဲ အညိုနှင့် ခေါက်ဆွဲ အဖြူကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးထားပါ။ ခေါက်ဆွဲ ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ပေးရပါမယ်။
မာလာဟင်းချက်ဖို့အတွက်ကတော့ ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ဆီသပ်ပေးပါ။
ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ကို ထည့်ပြီး ရေထည့်လိုက်ပါ။
ပြီးနောက် အရသာအတွက် ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား တို့ကို ထည့်ပြီး ရေဆူလာသည်အထိ တည်ထားပါ။
မာလာဟင်းရည်ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ထားပါ။
ပြီးမှ အနူးလွယ်သော ပဲပြားတို့ကို ထည့်ပြီး မိနစ်အနည်းငယ်ခန့် ထပ်တည်ပေးထားပါ။
ပြီးရင်တော့ ကန်စွန်းရွက်၊ မုန်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေပေးပါ။
ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငန် အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကိုထည့်ပြီးရင်တော့ မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။