India
Chinese Style ကြက်သားချက်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ Chinese style
ကြက်သားချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြွက်နားရွက်မှိုခြောက်၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်မြိတ်၊ ငရု တ်ကောင်းအမှုန့်၊ တရုတ်မဆလာ၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊ သကြား၊ ဆီ တို့ လိုအပ်ပါမယ်။
ကြက်သားကို အရွယ်တော်အတုံးကလေးများဖြစ်အောင်ခုတ်ထစ်ပြီး ရေဖြင့် သန့်စင်စွာဆေးကြောပါ။ ပြီးလျှင် ငရုတ်ကောင်းမှုန့်နည်းငယ်နှင့် အရသာနှပ်ထားပါ။
ပြီးနောက် ရေစိမ်ထားတဲ့ ကြွက်နားရွက်မှိုခြောက်ကို အရွယ်တော်လေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။
ပြီးရင် မုန်လာဥနီကို အခွံခွာပြီး အတုံးခပ်ကြီးကြီး လှီးဖြတ်ထားပါ။
ကြက်သွန်ဖြူကို အခွံခွာထားပါ။ ချင်းကို ပါးပါးလှီးဖြတ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် မုန်လာဥနီနှင့် ကြက်သွန်ဖြူကို ဆီသတ်ပြီး ဆယ်ထားပါ။
ပြီးလျှင် ချင်းထည့်ပြီး ဆီသတ်ပေးပါ။ မွှေးလာလျှင် ကြက်သားကို ထည့်၍ ရောမွှေပေးပါ။ ပြီးနောက် တရုတ်မဆလာ ထည့်လိုက်ပါ။
ကြက်သားအပေါ်ယံအရေခွံတွေတင်း
ပြီးလျှင် သကြား၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကြာ်၊ ဆားတို့ထည့်ပြီး မြည်းစမ်းကြည့်ပါ။ အရသာအနေတော်ပြီ ပါဝင်တဲ့အရာတွေလည်း နူးလာပြီဆိုလျှင်တော့ ကြက်သွန်မြိတ်ကို အပေါ်မှထည့်လိုက်ပြီး မီးဖိုပေါ်မှ ချနိုင်ပါပြီ။
ကျက်ပြီဆိုရင်တော့ ထမင်းပူပူလေးနှင့် အရည်သောက် တရုတ်စတိုင်လ် ကြက်သားဟင်းလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။