Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရုရှားဂျုံ တန်ချိန် ၅ သိန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ် စီစဉ်

ရုရှားဂျုံ တန်ချိန် ၅ သိန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ် စီစဉ်

ဘင်္ဂလားဒေ့ရှ်သည် ရုရှားနိုင်ငံမှ ဂျုံတန်ချိန် ၅၀၀,၀၀၀ တင်သွင်းရန် စီစဉ်ထားသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စျေးနှုန်းများတက်နေသည့်ကြားမှ  စားနပ်ရိက္ခာကုန်စည်များ ရရှိရန် ကြိုးပမ်းနေချိန်တွင် ရုရှားနိုင်ငံမှ ဂျုံတန်ချိန် ငါးသိန်းကို တစ်တန်လျှင် US$430  ဖြင့် တင်သွင်းရန် စီစဉ်ထားသည်။ အစိုးရချင်း  government-to-government အရောင်းအဝယ်ပြုခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့ (ဩဂုတ် ၂၈) တွင် ပြောကြားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိမ်နီးနားချင်း အိန္ဒိယနိုင်ငံမှ ကုန်းလမ်းဖြင့် ဂျုံများတင်သွင်းနေကျဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသည့် ဂျုံများတွင် အိန္ဒိယဂျုံသည် တန်ချိန်အများဆုံး ဖြစ်သည်။ ယခုနှစ် မေလတွင် အိန္ဒိယက ဂျုံတင်ပို့မှု ပိတ်ပင်ထားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရုရှားထံမှ တင်သွင်းခြင်း ဖြစ်သည်။

 

အရောင်းအဝယ်စာချုပ်ကို လာမည့် ရက်အနည်းငယ်အတွင်း လက်မှတ်ရေးထိုးကြမည်။ သင်္ဘောများဖြင့် တစ်သုတ်ပြီး တစ်သုတ် တင်ပို့မည်ဖြစ်ပြီး နောက်နှစ် ၂၀၂၃ ဇန်နဝါရီလတွင် စတင်မည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၏ အကြံပေး Salman Fazlur Rahman က ဘင်္ဂလားဒေ့ရှ်သည် ဂျုံနှင့် ဓာတ်မြေဩဇာတို့ကို ရုရှားမှ ဝယ်ယူကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

 ဂျုံဖိုး၊ သင်္ဘောခ၊ အာမခံ အစရှိသည်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမေရိကန်ဒေါ်လာဖြင့် ပေးချေမည်။

"ရုရှားနိုင်ငံမှ အစားအစာ ကောက်ပဲသီးနှံများနှင့် ဓာတ်မြေဩဇာများ တင်သွင်းမှုအတွက် နိုင်ငံတကာ  ဘဏ် ၂၄ ခုမှ တင်သွင်းမှုအပေါ် ကန့်သတ်ချက် တစ်စုံတစ်ရာမရှိဘဲ အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ် ပြည်တွင်း ဂျုံထုတ်လုပ်မှုသည် တန်ချိန် ၁ သန်းထက် မကျော်ချေ။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းသည် ဂျုံများအပေါ် အားထားရသည်။

Source CNA

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)