Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည် ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပါသည်။

 

တောင်သူများအနေဖြင့် ပန်းမုန်လာကို စက်တင်ဘာ၊ အောက်တိုဘာလဆန်းတွင် ပျိုးထောင်၍ (၃၅)ရက်သားတွင် စိုက်ပျိုးကာ ရက်ပေါင်း(၉၀)ခန့်တွင် ခူးဆွတ်ရကြောင်းသိရသည်။

 

မြေပြုပြင် ခြင်း၊ မျိုး၊ စိုက်ပျိုးခြင်း၊ သွင်းအားစုနှင့် လုပ်သားခများအပါအဝင် (၁)ဧကစိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ် ကျပ်(၈)သိန်းကုန်ကျပြီး ကျပ်(၁၅)သိန်းခန့်ပြန်လည်ရရှိရာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခန့် ရရှိကြောင်းသိရသည်။

 

ခူးဆွတ်ပြီး ပန်းမုန်လာပွင့်များကို အရွယ်အစားအလိုက် (၁)ပွင့်လျှင် ကျပ်(၉၀၀-၁၅၀၀)ခန့်ထိ ရောင်းချရကြောင်း၊ ပွဲစားများမှ ကျေးရွာသို့ လာရောက်ပြီး ဝယ်ယူကြပြီး မြို့ပေါ်ပွဲရုံများနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများအထိ တင်ပို့ရောင်းချလျက်ရှိရာ ပန်းမုန်လာပွင့် စိုက်တောင်သူများအနေဖြင့် တွက်ခြေကိုက်ကာ ဝင်ငွေကောင်းနေကြောင်း သိရသည်။


Source: commerce.gov.mm

Myanmar Food Industry Guide

Published in Food & Livestock