Food Industry

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးရင်ကွဲ သရက်သီးများ ဈေးတက်နေ၊ ယခုရာသီတွင် ဈေးကျရန် မရှိဟုဆို

မန္တလေးရင်ကွဲ သရက်သီးများ ဈေးတက်နေ၊ ယခုရာသီတွင် ဈေးကျရန် မရှိဟုဆို google.com

မန္တလေး ရင်ကွဲသရက် သီးများ ဈေးတက်လာပြီး ယခုသ ရက်သီးရာသီတွင် ဈေးပြန်ကျ

မည်မဟုတ်ကြောင်း သီရိမင်္ဂလာ ဈေး သစ်သီးကုန်စည်ဒိုင်များထံ က သတင်းရရှိသည်။

 

ဇူလိုင် ၆ ရက်က သရက်သီး သေတ္တာအကြီးတစ်လုံးလျှင် ၁၃,၀၀၀ ကျပ်ခန့်သာဈေးရှိရာမှ ဇူလိုင် ၈ ရက်တွင် ကျပ် ၁၇,၀၀၀ ခန့်အထိ ဈေးတက်ခဲ့ကြောင်း သိ ရသည်။

 

မြသပြေ သစ်သီးပွဲရုံပိုင်ရှင် ဦးဆန်းဝင်းက ‘‘ဒီနှစ်မှ ဈေးတက် တာပါ။ ဈေးတက်တာ ဈေးကျ တာကတော့ ပုံမှန်မရှိဘူး။ သစ် သီးအပေါ် မူတည်တာပါ။ အခု ဈေးက ပြန်ကျဖို့တော့ မရှိတော့ ဘူး။ မကြာခင်လည်း မန္တလေး ရင်ကွဲက တုံးတော့မှာဆိုတော့ ဈေးကတော့ တက်ဖို့ပဲရှိပါတယ်’’ ဟု ပြောသည်။

 

မန္တလေးရင်ကွဲသရက်သီး သေတ္တာအကြီးတစ်လုံးလျှင် သ ရက်သီးအကြီးဆိုပါက အလုံး ၈၀ မှ ၉၀ အထိပါဝင်ပြီး သရက်သီး အရွယ်အစား သေးငယ်ပါက အ လုံး ၁၃၀ ခန့်အထိ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 

‘‘လပြည့် ကျော်ကနေစပြီး သရက်သီးဈေး တက်လာတာ သုံးရက်လောက်ပဲ ရှိမယ်။ အရင်ရက်တွေတုန်းကတော့ သရက်သီးက ၀င်တာများတော့ ဈေးက သိပ်ငြိမ်တယ်။ အခုလပြည့်ပွဲတော်ရက်နဲ့လည်းတိုက်တော့ရင်ကွဲသရက်သီးက ဈေးတက်လာတာ’’ဟု စေတနာ သစ်သီးပွဲရုံပိုင်ရှင် ဒေါ်တင်တင်လင်းက ပြောကြားသည်။

 

ရင်ကွဲ သရက်သီးများကို ပြည်တွင်းကသာ နှစ်သက်စွာဝယ် ယူစားသောက်ပြီး ပြည်ပသို့တင်ပို့ရောင်းချမှုသည် စိန်တစ်လုံး သရက်သီးကဲ့သို့ တွင်ကျယ်မှုမရှိ သေးပေ။

 

မန္တလေးရင်ကွဲ သရက်သီး သည် မေလက စတင်ထွက်ရှိပြီး ဇူလိုင်ကုန်ခန့်တွင်  ထပ်မံဝင်ရောက်မှုမရှိတော့ကြောင်း ဦးဆန်းဝင်းက ဆိုသည်။

 

မန္တလေး တိုင်းဒေသကြီးမှ ထွက်ရှိသည့် မန္တလေးရင်ကွဲ သ ရက်သီးရာသီချိန်ပြီးပါက ရှမ်းရင် ကွဲသီး ရာသီချိန် ရောက်ရှိလာ မည်ဖြစ်ပြီး ရှမ်းရင်ကွဲသီးသည် မန္တလေး ရင်ကွဲနှင့် နှိုင်းယှဉ်ပါက အလုံးအရွယ်အစား ပိုမိုသေးငယ် ပြီး အချိုမှာလည်း ပိုပေါ့သည်ဟု သိရသည်။

 

လက်ရှိတွင် ရှမ်းရင်ကွဲ သရက်သီးများဈေးကွက်၌ စတင် ၀င်ရောက်နေပြီး သရက်သီး သေတ္တာအကြီး တစ်လုံးလျှင်၁၂,၀၀၀ ခန့်မှ ၁၃,၀၀၀ ကျပ်ခန့်အထိ ရှိကြောင်း သီရိမင်္ဂလာသရက်သီး ဒိုင်များထံမှ သတင်းရရှိသည်။

 

မြန်မာနိုင်ငံတွင် လူကြိုက် များရောင်းအားကောင်းသော သ ရက်သီးအမျိုးအစားများသည်- စိန်တလုံး၊ မချစ်စု၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ ပတ္တမြားငမောက် စသည် တို့ဖြစ်ကြောင်း မြန်မာနိုင်ငံသရက်သီးအစုအဖွဲ့မှ သိရသည်။

 

မြန်မာနိုင်ငံ သရက်သီးမျိုးများ၊ နိုင်ငံခြား မျိုးစေ့ကိုယူကာ မြန်မာနိုင်ငံတွင် စိုက်ပျိုးအောင်မြင်သည့် သရက်မျိုးများ စသည်ဖြင့် မြန်မာနိုင်ငံ၌ သရက်မျိုး စုစုပေါင်း ၂၀၀ ရှိသည်။

 

Source: 7 days new

Read 2963 times Last modified on Monday, 17 September 2018 15:11
Rate this item
(1 Vote)