×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်ဝန်ဆောင်မိခင်များ နေ့စဉ်စားသင့်တဲ့ အစားအစာများ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော၊ မိမိဗိုက်ထဲက ကလေးပါ ကျန်းမာနေဖို့က အင်မတန်မှ အရေးကြီးလှပါတယ်။

 

ဒီလို ကျန်းမာနေဖို့ဆိုတာကလည်း မိခင်ရဲ့ စားသောက်နေထိုင်မှုက အဓိက ကျတယ်နော်။ ဒီတော့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဘယ်လိုအာဟာရ ဖြစ်စေမယ့် အစားအသောက်တွေ စားပေးရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 


ပန်းမုန်လာစိမ်း


ပန်းမုန်လာစိမ်းမှာ ပိုတက်ဆီယမ်နဲ့ ဖောလစ်အက်ဆစ်များစွာ ပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။


ကြက်ဥ


ကြက်ဥဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စားသင့်တဲ့အစားအစာပါ။ အကြောင်းကတော့ ကြက်ဥမှာ ကိုယ်ဝန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်၊ ဓာတ်ဆား၊ ဗီတာမင် ၁၂ မျိုးနဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ပါပဲ။ ဒါ့အပြင် ကြက်ဥမှာပါဝင်တဲ့ ကိုလင်း (Choline) ကလည်းကလေးများရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့တစ်လုံး ပုံမှန်စားပေးသင့်ပါတယ်။ အကယ်၍ ကိုလက်စရော တက်မှာ ကြောက်တယ်ဆိုရင်တော့ ကြက်ဥအကာကိုပဲ စားပေးနိုင်ပါတယ်။

 

ငှက်ပျောသီး


ကိုယ်ဝန်ဆောင်မိခင်တွေ ငှက်ပျောသီးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို လုံလောက်စွာ ရရှိနိုင်တဲ့အပြင် ညဘက်တွေမှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။


ကန်စွန်းဥ


မိခင်နဲ့ သန္ဓေသားအတွက် လိုအပ်တဲ့ Vitamin A ရရှိဖို့ကတော့ ကန်စွန်းဥကိုစားသုံးသင့်ပါတယ်။ ကန်စွန်းဥမှာ Vitamin C, Folic Acid နဲ့ အမျှင်ဓာတ်လည်း များစွာ ပါဝင်ပါတယ်။

 

Read More >>>>>  ထိုင်းစတိုင် ဝက်အူချိုကြော်


ပဲအမျိုးမျိုး


ပဲအမျိုးမျိုးမှာ အသားဓာတ်အပြင် အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်စဉ် ခံစားရတဲ့ ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်ဓာတ် ပါဝင်တာကြောင့် သန္ဓေသားလောင်း၏ အရိုးအဆစ်များကိုသန်မာစေမှာပါ။


နို့ထွက်ပစ္စည်းများ


နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မစားမဖြစ် စားသောက်သင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။


အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ


အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများဟာ Vitamin A, C, K, Folate (ဝါ) Folic Acid ဓာတ်နဲ့ အာဟာရများ ပါဝင်တဲ့ အတွက် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ မျက်စိကျန်းမာရေး အတွက်လည်း အထောက်အကူပြုပါတယ်။


အရောင်အသွေးစုံလင်သောသစ်သီးများ


ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ အရောင်အသွေးစုံလင်တဲ့ သီးနှံမျိုးစုံကို စားသုံးပေးပါ။ လေ့လာမှုများအရ အရောင်အုပ်စု တစ်ခုချင်းစီမှာ အမျိုးမျိုးသော Vitamin နဲ့ Minerals တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်နှောင်းပိုင်းကာလများတွင် သန္ဓေသားဟာ မိခင်စားလိုက်တဲ့ သစ်သီးရဲ့အရသာကို ရေမြွှာရည်မှတစ်ဆင့် အရသာခံနိုင်ပါတယ်။ ဒါကြောင့် ကလေးမွေးဖွားလာတဲ့အခါမှာလည်း ကျန်းမာရေးနှင့် ညီညွတ်တဲ့ သစ်သီးများကို စားတဲ့ အလေ့အကျင့်ရှိလာမှာ ဖြစ်ပါတယ်။


အစေ့အဆံများ


ပြောင်းဖူးပေါက်ပေါက်အပါအဝင် အခြားသောအစေ့အဆန်များကလည်း Vitamin E ၊ Selenium နဲ့ Phytonutrient တွေ များစွာပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်များ စားသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။


ဒိန်ချဉ်


ဒိန်ချဉ်မှာ ပရိုတင်းနှစ်ဆပါဝင်ပါတယ်။ ဒါ့အပြင် Calcium ဓာတ်လည်း ပါဝင်တဲ့အတွက် ဒိန်ချဉ်သောက်သုံးခြင်းဖြင့် မိခင်နဲ့ သန္ဓေသားအတွက် လိုအပ်တဲ့ Calcium ပမာဏကို ဖြည့်တင်းနိုင်ပါတယ်။ ဒါပေမယ့် အဆီနည်းပြီး သကြားမပါတဲ့ ဒိန်ချဉ်ကို ရွေးချယ်သောက်သုံးဖို့ လိုအပ်ပါတယ်။


Source : drmyanmar

Read times Last modified on Monday, 24 June 2019 16:13
Rate this item
(1 Vote)