Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဝက်အူချိုကြော်

ထိုင်းစတိုင် ဝက်အူချိုကြော် google.com

ဝက်သားကို ပုံစံအမျိုးမျိုးလုပ်စားသူတွေအတွက် အသစ်အဆန်းဖြစ်စေမယ့် ဝက်အူချိုကြော်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဝက်အူချို၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ နံနံစေ့၊ ချင်း၊ သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊ ငရုတ်ကောင်း၊ ဆီ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ဝက်အူချိုကို ရေဖြင့် သန့်စင်အောင် ရေဖြင့် စင်ကြယ်အောင်ဆေးကြောထားပါ။ ရေကို နှစ်ကျော့ လောက် ဆေးပေးရပါမယ်။

 

ပြီးလျှင် ဒယ်အိုးထဲသို့ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ နံနံစေ့၊ ချင်း၊ သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊ ငရုတ်ကောင်း၊ ရေထည့်ပြီး အပူပေးပါ။ ပွက်လာပြီး မွှေးလာပါက သန့်စင်ထားတဲ့ အူချိုကို ထည့်ပြုတ်လိုက်ပါ။  နူးလာရင် အူချိုကို ရေစစ်ထားပါ။

 

Read More >>>>>   ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

 

ပြီးနောက် Oven တွင် ၁၅ မိနစ်ခန့် ကင်လိုက်ပါ။  ပြီးရင် ဒယ်အိုးထဲဆီထည့် အပူပေးပြီး ဆီပူလာလျှင်တော့ ဝက်အူချိုကို ထည့်ကြော်လိုက်ပါ။  

 

ပြီးရင်တော့ အချဉ်လေးနဲ့ တွဲဖက်စားရင်တော့ အရမ်းအရသာရှိတဲ့ ထိုင်းစတိုင် ဝက်အူချိုကြော်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

အချဉ်ရည်အတွက် ပဲငံပြာရည်အကြည်၊ ငရုတ်သီးမှုန့်၊ ပဲမှုန့်အကျက်၊ သကြား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ တို့ ကို ထည့်ပြီး ရောမွှေလိုက်ရင်တော့ ဝက်အူချိုနှင့် တွဲစားဖို့အတွက် အချဉ်ရည်ကို ရပါပြီ။

 

Read times Last modified on Friday, 21 June 2019 11:39
Rate this item
(1 Vote)