×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များအတွက် ကုန်သည်စက်မှုအသင်းချုပ်၏ ဈေးကားများ အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များတွင် သားငါးစားသောက်ကုန်များ လှည့်လည်ရောင်းချမည့်အစီအစဥ်ကို အသိပေးကြေညာထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏လမ်းညွှန်မှုအရ မြို့နေပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင် စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော ဈေးများသို့ သွားရောက် ဝယ်ယူခြင်းမပြုသည့်အတွက် ကူးစက်ရောဂါပြန့်ပွါးမှုမှ အထိုက်အလျောက်ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သားငါးစားသောက်ကုန်များအား မိမိတို့ရပ်ကွက်တွင်း တွင် ဝယ်ယူရရှိနိုင်စေရေးတို့ကို ရည်ရွယ်ရျ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ မြို့နယ်ရပ်ကွက်များအရောက် လှည့်လည်ဈေးရောင်းခြင်း အစီအစဥ်ကို( ၂၆-၁၀-၂၀)ရက်နေ့ မှစ၍ စတင်ရောင်းချပေးသွားပါမည်။

ရှေ့ပြေးစမ်းသပ်ကာလအဖြစ်
(၂၆-၁၀-၂၀) ရက်နေ့ နံနက်ပိုင်းတွင်
ရန်ကင်းမြို့နယ် ရှိ ရွှေအုန်းပင်အိမ်ရာ၊ ရွှေ အင်ကြင်းအိမ်ရာများ၊ ဒဂုံမြောက် မဟာမြိုင်အိမ်ရာ ၊ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အာသောက၊ ကျားကွက်သစ်လမ်း၊ အောင်မဂ်လာလမ်း နှင့် အောင်မဂ်လာအိမ်ရာ၊ ၊ သီတာလမ်း၊ တာမွေ မအူကုန်း၊ညနေပိုင်းတွင် ရန်ကင်း ကံဘဲ့စည်ပင်အိမ်ရာဝင်း၊လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ ဟိုတယ်ခရီးဝန်ထမ်းအိမ်ရာ၊တာမွေကြီးတာမွေလေး၊ မြောက်ဒဂုံ ဗိုလ်ဘထူးအိမ်ရာ၊ နှင့်မြို့နယ် အတွင်း လမ်းမကျယ်များပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့၏ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချသွားမည်ဖြစ်ပါသည်။

(၂၇-၁၀-၂၀) ရက်နေ့တွင်လည်း
သာကေတမြို့နယ်၊ ဒေါပုံ၊ရန်အောင်မာန်အောင်၊ တောင်ဒဂုံမြို့နယ် ၊ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ မြို့ နယ်၊ မရမ်ကုန်းမြို့နယ် များတွင်ဆက်လက်ရောင်းချသွားပါမည်။

ထိုသို့နေ့စဥ်ရောင်းချသွားမည့်အစီအစဥ်များအား ကုန်သည်စက်မှုအသင်းချုပ်၏ Facebook Pageမှ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီ ရုံးများမှ လည်းကောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ အများပြည်သူသိရှိစေရန် ကြေညာဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လက်လီရောင်းချပေးမည့် စားသောက်ကုန်များမှာ ကြက်သား(CP) ၊ ဝက်သား၊ အမဲသား၊ဆိတ်သား၊ အသင့်ထုပ်ပိုး ပြီးရေချို/ ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ ၊ ဟင်းသီး ဟင်းရွက် မျိုးစုံများဖြစ်ပြီး သက်သာသောဈေးနှုန်းများဖြင့် နေ့စဥ်ဈေးကားနှင့်လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ပြီး လူတန်းစားမရွေးဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကို သက်သာသောဈေးနှုန်းများဖြင့် လက်လီရောင်းချပေးသွားမည်ဖြစ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန် ဈေးကားများ လှည့်လည်ရောင်းချသွားမည်

Read times Last modified on Sunday, 25 October 2020 12:00
Rate this item
(0 votes)