×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ (ဇွန် ၂၄-၃၀)

အာရှဆန် တစ်ပတ်တာ  (ဇွန် ၂၄-၃၀)

 

 

ပြည်ပတင်ပို့သည့် အိန္ဒိယဆန် ဈေးနှုန်းများ နိုင်ငံသုံးငွေ ရူပီးအားနည်းသဖြင့် ‌ဒေါ်လာဖြင့် တွက်ချက်သည့်အခါ ဈေးသက်သာနေသောကြောင့်   ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်တို့ထက် အိန္ဒိယဆန်ကို ပိုဝယ်ချင်အောင် အဓိကဆွဲဆောင်မှုဖြစ်နေစေသည်။ 

ဘင်္ဂလားဒေ့ရှ်မှ ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် ဈေးအေးသွားအောင် ပြည်ပမှ ဆန်တင်သွင်းခြင်းအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်ကို လျှော့ချပေးလိုက်သည်။

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆန်တင်သွင်းခွန်ကို ၆၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်။ ဆန်ကုန်သည်များက အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ ကုန်လမ်းဖြင့် တင်သွင်းကြမည် ဖြစ်သည်။ 

ရေကြီးသဖြင့် စပါးခင်းများ ပျက်စီးကုန်ပြီး ပြည်တွင်းဆန်ဈေး မြင့်တက်လာနေသည်။ စပါးရိတ်သိမ်းရာသီ အထွတ်အထိပ်ရောက်ချိန် ရေလွမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ များပြားစေခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်သည် စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့တတိယအများဆုံး နိုင်ငံ ဖြစ်သော်လည်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်နှင့် ရေလွှမ်းမိုးမှုများကြောင့် စပါးခင်းများ ထိခိုက်ပျက်စီးလေ့ ရှိပြီး ပြည်တွင်း ဆန်ဖူလုံစေရန် ပြည်ပမှ တင်သွင်းရလေ့ ရှိသည်။ 

 

အိန္ဒိယပေါင်းဆန်အမျိုးအစား  <RI-INBKN5-P1> ယခင်သီတင်းပတ်အတိုင်း ဈေးမပြောင်းလဲ၊ တစ်တန် $355~$360 ခေါ်ဈေး ရှိသည်။ 

အိန္ဒိယဆန် ဈေးသက်သာသဖြင့် အဝယ်လိုက်သည်။ ၂၅% ဆန်ကွဲပါဆန်နှင့် ၁၀၀% ဆန်ကွဲတို့ ဝယ်လိုအား ကောင်းနေသည်။ 

 

rice_june_30.png

 

ထိုင်း ၅% ဆန်ကွဲပါဆန် အမျိုးအစား <RI-THBKN5-P1>  ဈေးကျသည်။ ယခင် သီတင်းပတ်က တစ်တန် $420~$425 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $412~$415 သို့ လျော့ကျသွားသည်။ 

ဝယ်လက်များ လာကြသည်။ သို့သော် ပမာဏ မကြီးမားကြချေ။ ဈေးကွက် အေးနေသည်။ အိန္ဒိယဆန်က ထိုင်းဆန်ထက် ဈေးသက်သာသဖြင့် အိန္ဒိယဆန်ဘက်သို့ ဝယ်လက်များ ခြေဦးလှည့်ကြသည်က များနေသည်။ 

ဓာတ်မြေဩဇာ ကုန်ကျစရိတ် မြင့်တက်နေပြီး စပါး အထွက်နှုန်း ကောင်းဖို့ ရှိနေသဖြင့် ဈေးကျနိုင်ဖွယ် ရှိသောကြောင့် ထိုင်းလယ်သမားများ ပူပန်စရာ ဖြစ်နေသည်။ 

 

ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါဆန်အမျိုးအစား <RI-VNBKN5-P1> ခေါ်ဈေး တစ်တန်  $415-$420  ရှိသည်။ ယခင်သီတင်းပတ်က $418-$423 ဖြစ်ခဲ့သည်။ 

ပြည်တွင်း ဆန်ထုတ်လုပ်မှုသည် ဆန်သစ်ပေါ်ချိန် ဖြစ်သဖြင့် ပိုများလာနေသည်။ 

ဗုဒ္ဓဟူးနေ့ (ဇွန်၂၉) စာရင်းအရ  ၂၀၂၂ ဇန်နဝါရီလမှ ဇွန်လအထိ ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု တန်ချိန် ၃.၅ သန်း ရှိပြီ ဖြစ်သည်။ 

#MyanmarFoodGuide
Telegram Channel

https://t.me/Guid4U

 

Read times
Rate this item
(0 votes)