ရာသီပေါ်သီးနှံဆီးသီး(ထိုင်ဝမ်သီး)များ အရောင်းအဝယ်သွက်၍ စျေးကောင်းရရှိ

ယခုနှစ်ရာသီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းမှ စတင်ထွက်ရှိလာသည့် ရာသီပေါ်သီးနှံဆီးသီး

(ထိုင်ဝမ်သီး)များ အထွက်နှုန်းကောင်းမွန်သည့်အပြင် အရောင်းအဝယ်များသွက်၍ စျေးကောင်းရရှိကြောင်း အဆိုပါမြို့နယ်မှ ဆီးသီးစိုက်ပျိုးသူ တောင်သူများက ပြောသည်။

 

လက်ရှိအချိန်၌ ပြည်တွင်းစျေးကွက်သို့ တင်ပို့ရောင်းချရာတွင် ဆီးသီးအလုံးကြီးရှယ် တစ်ဖာလျှင် ငွေကျပ် ၁၅၀၀၀၊ ဒုတိယတန်းစားဆီသီးအသေးတစ်ဖာလျှင် ၉၀၀၀ မှ ၁၀၀၀၀၊ ဆီးသီးအသေး ဆာလာအိတ်တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀ နှင့် ဖာတစ်ဖာလျှင် ငွေကျပ် ၈၀၀၀ စျေးဖြင့် ရောင်းချရကြောင်း၊ ရောင်းချရာတွင် ဝယ်လက်ပွဲစားများ အပြိုင်လုဝယ်နေကြ

သည့်အတွက် အရောင်းအဝယ်များသွက်လက်ကာ စျေးကောင်းရရှိကြောင်း သိရသည်။

 

 Asia Pacific Inspection Agency

Click Here >>> Asia Pacific Inspection Agency

 

“ဒီနှစ်ကတော့ ဆီးသီးပေါ်ဦး ပေါ်ဖျားအချိန်မှာ စျေးကောင်းရရှိနေပါတယ်။ အလုံးအကြီး၊ အလတ်၊ အသေးခွဲပြီး ရောင်းချနေရပါတယ်။ လာမယ့် ဇန်နဝါရီလလယ်ပိုင်းနဲ့ ဖေဖော်ဝါရီလဆိုရင် လှိုင်လှိုင်ထွက်ပေါ်လာတော့မှာပါ။ ဒီနှစ်ကတော့ စျေးကွက်ခိုင်မာမှာပါ။ ဒီဒေသမှာထိုင်ဝမ်ဆီးသီးတွေကို အများဆုံးစိုက်ပျိုးထားပါတယ်။ ဆီးသီးကို စားသုံးသူတွေအပြင်၊ အချဉ်ပေါင်း

လုပ်ငန်းတွေ၊ ယိုစုံလုပ်ငန်းတွေက အများဆုံးဝယ်ယူကြပါတယ်။ ပြည်ပကိုတော့ လက်ရှိအချိန်မှာ သယ်ယူပို့ဆောင်ခစရိတ်တွေ မြင့်တက်နေတာကြောင့် မပို့နိုင်သေးပါဘူး။ ဒီနှစ်က အထွက်နှုန်းကောင်းပြီး စထွက်ထွက်ချင်းမှာ ဝယ်လိုအားကောင်းတဲ့အပြင် စျေးနှုန်းလည်းကောင်း ပါတယ်။ ဆီးသီးက တစ်နှစ်ပတ်လုံးမှ တစ်ခါပဲခူးရပါတယ်။ ဒီနှစ်မှာ ဆီးသီးရောင်းချရတာ

အဆင်ပြေလို့ဝမ်းသာနေကြပါတယ်။” ဟု ဆည်တော်လေးကျေးရွာမှ ဆီးသီးစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေး ပိုင်ရှင် ကပြောသည်။

 

ယခုနှစ်ထွက်ရှိလာသည့် ထိုင်ဝမ်ဆီးသီးများကို ပြည်တွင်းစျေးကွက်သို့ သုံးရက်လျှင်တစ်ခါ ဖာ ၂၅ ဖာနှင့် ဆာလာအိတ် ၁၀၀ ခူးပြီး တင်ပို့ရောင်းချနေရကြောင်း၊ တင်ပို့ရောင်းချရာတွင် ရန်ကုန်၊ လားရှိုးနှင့် မန္တလေးမြို့များသို့ ရောင်းချရပြီး ရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်းဒေသများသို့ ရောင်းချရပြီး အဓိကအ များဆုံးတင်ပို့ရောင်းချရကြောင်း၊ လက်ရှိပေါက်စျေးမှာ ဆီးသီး

အမျိုးအစားပေါ်မူတည်၍ တစ်ဖာလျှင် ငွေကျပ် ၈၀၀၀ မှ ၁၅၀၀၀ ထိရရှိကြောင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း ဆီးသီးစိုက်ဧကပေါင်း ၁၀၀‌ ကျော်ရှိပြီး ဆီးသီးတစ်ဧကလျှင် ငွေကျပ် သိန်း ၈၀နှင့် သိန်း ၁၀၀ ကြားရရှိကြောင်းသိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Tuesday, 24 January 2023 13:38
Rate this item
(1 Vote)