Food & Livestock



ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဆက်လက်များပြား

ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဆက်လက်များပြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ် ဆန်တင်ပို့မှုသည် ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ ဒသမ ၀ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

ယမန်နှစ်က မက်ထရစ်တန်ချိန် ၈ ဒသမ ၁ သန်း တင်ပို့ခဲ့သည်ထက် လျော့နည်းမည်ဟု ဗီယက်နမ် စားသောက်ကုန် အသင်းမှ ပြောကြားသည်။

 

အိန္ဒိယနှင့် ထိုင်းပြီးလျှင် ကမ္ဘာ့တတိယ အများဆုံး  ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံသည် အရည်အသွေးမြင့် ဆန်ကို ဈေးအမြင့်ဖြင့် ရောင်းချဖို့ကို စူးစိုက်မည်ဖြစ်ပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် စပါးအထွက်နည်းပါက  ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှု ရရှိရန် ပြည်ပတင်ပို့မှုပမာဏကို တဖြည်းဖြည်းလျှော့ချမည်ဟု မူဝါဒ ချမှတ်ထားသည်။

ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်တွင် နှစ်စဉ် ဆန်တင်ပို့မှုကို တန်ချိန် ၄ သန်းသို့ လျှော့ချမည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

 

ထိုသို့ ပြည်ပသို့ ဆန်တင်ပို့မှု လျှော့ချရန် မူဝါဒချမှတ်ထားသော်လည်း ယမန်နှစ်က ဆန်တင်ပို့မှု စံချိန်တင် များပြားခဲ့သည်။

ယခုနှစ်တွင်လည်း ဖေဖော်ဝါရီ လလယ်အထိ ဆန်တန်ချိန် ၆၆၃,၀၀၀ တင်ပို့ခဲ့သည်။

 

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်နှင့် အာဖရိကတို့တွင် အယ်နီညိုသည် အနည်းဆုံး ၂၀၂၄ နှစ်လယ်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားသောကြောင့် ဗီယက်နမ်ဆန် ဝယ်လိုအား တိုးလာသည့်အလျောက် တင်ပို့မှု ပိုမိုများပြားခဲ့ပါသည်။

 

Source vnexpress 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 08 March 2024 23:20
Rate this item
(0 votes)