မန္တလေး ငရုတ် ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

မန္တလေး ငရုတ်ခြောက် ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၃၁. ၃ ၂၀၂၃

.

မန္တလေးဈေးကွက်တွင်

 

ငရုတ်ခြောက် (ရှည်) တပိဿာ ၁၄၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး ငရုတ်ခြောက် (လတ်) မှာ ဆင်ဖြူကျွန်းဘက်မှ ဝင်ရောက်ပြီး တပိဿာ ၁၆၀၀၀ ကျပ်ဈေးရှိသည်။

 

မန္တလေးကိုင်းတန်းဈေးတွင် ငရုတ်စို(ရှည်)များ မုံရွာ၊ချောင်းဦးမှ အပင်ကျချိန် အလှနည်းခြင်းကြောင့် တစ်ပိဿာ ၁၇၀၀ကျပ်၊ ရွှေဘိုမှလည်း စတင်ဝင်ရောက်ပြီး တစ်ပိဿာ ၂၀၀၀ကျပ်၊ ငရုတ်စို(လတ်)တစ်ပိဿာ ၃၀၀၀ကျပ်၊ အပွသီးများ တစ်ပိဿာ ၂၂၀၀ကျပ်ဖြင့်လုပ်ငန်းသမား ငပိ ထောင်း၊လက်ဖက်သမားအဝယ်သာရှိပြီး အဝေးမှမှာယူတင်ပို့မှုနည်းသည်။

 

ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် မြစ်သားကြက်သွန်နီ (ကြီး)တစ်ပိဿာ ၁၇၀၀ ကျပ် လတ် ၁၆၀၀ ကျပ် သေးတစ်ပိဿာ ၁၅၀၀ ကျပ်၊ နယ်စုံကြက်သွန်များ ကြီးတစ်ပိဿာ ၁၃၀၀ ကျပ် လတ် တစ်ပိဿာ ၁၂၀၀ ကျပ် သေးတစ်ပိဿာ ၁၁၀၀ ကျပ် ဈေးရှိသည်။

        

ကြက်သွန်ဖြူ (တရုတ်) ဈေးနှုန်းအနေဖြင့် အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၄၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး၊ ကြက်သွန်ဖြူ ရွှေဘိုဒေသမှဝင်သော မြေပြန့်မှာ အရည်အသွေး ပေါ်မူတည်၍ တစ်ပိဿာ ၄၅၀၀ ကျပ်မှ ၅၆၀၀ ကျပ် အထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပြီး ကြက်သွန်ဖြူ (ရှမ်း) ဝင်ရောက်စဖြစ်ပြီး တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

      

အာလူးဈေးနှုန်းအနေဖြင့် ဘန့်သွေးအာလူးများ ပုံမှန်ဝင်ရောက်ပြီး မြို့တွင်းသုံးဝယ်ယူမှု ပုံမှန် ဖြစ်သဖြင့် တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၁၈၀၀ မှ ၁၆၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေ သည်။

 

ချင်းဈေးနှုန်းမှာ ဘင်္ဂလားဒေခ်ျသို့ တင်ပို့ရန် ပင်ရင်းဒေသမှ ဝယ်ယူမှုရှိသဖြင့် ပင်ရင်းဈေးမြင့် ခြင်းကြောင့် တစ်ပိဿာ ၂၂၀၀ ကျပ် မှ ၂၅၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။

 

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 31 March 2023 15:25
Rate this item
(0 votes)