မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်းနှင့် စားသုံးဆီဈေးနှုန်း အတက်အကျများ

မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်း  နေကြာ  ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ၃၁ ၃ ၂၀၂၃

.

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် 

 

မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းမြေပဲ အဝင်နည်းသေးခြင်း လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်း ကြောင့် ၁၀၀ပိဿာ အရည်အသွေးပေါ်မူတည်၍ ၆၄၀၀၀၀ ကျပ်မှ ၆၅၀၀၀၀ ကျပ် 

 

မြေပဲ (ဆီဆံ)မှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းမြေပဲအဝင်နည်းသေးခြင်းကြောင့် ၁၀၀ပိဿာ အရည်အသွေးအကောင်းဆုံး ၅၉၀၀၀၀ ကျပ်မှ ၆၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

       

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် ဆောင်းနှမ်းအဝင်နည်းသွားပြီး လှောင်သမားထံမှ ဝယ်ရခြင်း ကြောင့် မြို့တွင်းလုပ်ငန်းသမား အဝယ်သာရှိသော်လည်း နှမ်းဖြူ ၄၅ပိဿာ ၃၂၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပြီး နှမ်းညိုမှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေး ၄၅ပိဿာ လျှင် အညံ့ဆုံး ၂၅၅၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၂၆၅၀၀၀ ကျပ်၊ နှမ်းနက်(စမုံ) အရည်အသွေး အကောင်းဆုံး ၄၅ပိဿာ ၃၀၀၀၀၀ ကျပ် ထိဈေးမြင့်သွားသည်။ 

 

ပန်းနှမ်းမှာ အသစ်အဝင်နည်းသေး ခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၄၅ပိဿာ ၁၇၄၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်သို့ ဈေးမြင့် လာသည်။ 

 

နေကြာမှာမူ ဆောင်းနေကြာ အဝင်နည်းခြင်း၊ ဆီစက်သမား အဝယ်ရှိခြင်း၊ အရည်အသွေး ကောင်းခြင်းကြောင့် ၂၇ပိဿာ ယခင်အပတ် ၉၈၀၀၀ ကျပ်မှ အရည်အသွေးပေါ်မူတည်၍ ၁၀၅၀၀၀ ကျပ်ထိ ဈေးမြင့်လာသည်။

Source:Market Information Service- DOP- MOALI

  TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 31 March 2023 15:19
Rate this item
(0 votes)