Cargill ရုရှားဂျုံ ပြည်ပတင်ပို့ရန် သင်္ဘောတင်ခြင်း ရပ်တော့မည်

Cargill ရုရှားဂျုံ ပြည်ပတင်ပို့ရန် သင်္ဘောတင်ခြင်း ရပ်တော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Cargill Inc က ဇူလိုင်လမှ စတင်၍ ရုရှားနိုင်ငံရှိ  ၎င်း၏ ပို့ကုန် သင်္ဘောဆိပ်ခံများတွင် ရုရှားဂျုံများ သင်္ဘောတင်ပေးခြင်း ရပ်မည်ဟု ကြေညာသည်။ 

 ရုရှားဈေးကွက်မှ နောက်ထပ်ခြေတစ်လှမ်း ဆုတ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Cargill ၏ သင်္ဘောများသည် ရုရှားဆိပ်ကမ်းများမှ ဂျုံများ ပို့ဆောင်ပေးခြင်းကို ဆက်လက် လုပ်ကိုင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 နိုင်ငံတကာ ဂျုံကုန်သည် အများစုသည် ရုရှားတွင် ရင်းနှီးမြုပ်နှံမှုအသစ်များကို ပြီးခဲ့သည့်နှစ်ကတည်းက ရပ်တန့်ထားခဲ့ကြသည်။

 .

Cargill က ၂၀၂၂-၂၀၂၃ ဂျုံရာသီ ပြီးဆုံးချိန် ဇူလိုင်လတွင် ရုရှားဂျုံများ သင်္ဘောတင်ပေးခြင်း ရပ်ဆိုင်းမည် ဖြစ်သည်။

.

photo_2023-03-31_17-05-46.jpg

.

Cargill သည် ၂၀၂၂-၂၃ ဂျုံတင်ပို့ရာသီတွင် ရုရှားဂျုံ တန်ချိန် ၂.၂ သန်း တင်ပို့မည်ဖြစ်ပြီး ရုရှားဂျုံ ပြည်ပတင်ပို့မှု စုစုပေါင်း၏ ၄% ဝန်းကျင်ကို တင်ပို့ခြင်း ဖြစ်သည်။

.

Cargill ၏ ဂျုံတင်သည့် ဆိပ်ခံသည် ပင်လယ်နက် ဆိပ်ကမ်း Novorossiisk တွင် တည်ရှိပါသည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 31 March 2023 17:06
Rate this item
(0 votes)