ကမ္ဘောဒီးယား ရေထွက်ကုန်များ ပထမဆုံး အသုတ် တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့
ကမ္ဘောဒီးယား ရေထွက်ကုန်များ ပထမဆုံး အသုတ် တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
ကမ္ဘောဒီးယားသည် ၎င်း၏ ရေထွက်ပစ္စည်း ပထမအသုတ်ကို တရုတ်နိုင်ငံသို့ တိုက်ရိုက် တင်ပို့ခဲ့သည်။
ရေထွက်ပစ္စည်းကဏ္ဍတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ရိုက် တင်ပို့နိုင်ခြင်း ဖြစ်သည်။
ပထမဆုံး အသုတ် ရေထွက်ကုန်များကို စက်တင်ဘာလ ၁၄ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ Kim Chou Co., Ltd. က တင်ပို့ခဲ့သည်။
၎င်းကုမ္ပဏီသည် သဘာဝရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရန် အသိအမှတ်ပြု ခွင့်ပြုပေးခံရသည့် ပထမဆုံးဖြစ်သော ကမ္ဘောဒီးယားကုမ္ပဏီဖြစ်သည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပြောကြားသည်။
တရုတ်နိုင်ငံ ရေထွက်ပစ္စည်း အမျိုးအစား နှစ်မျိုး တင်ပို့ခဲ့သည်။ တမျိုးမှာ အေးခဲ ရေချိုငါးရှဉ့်များ ဖြစ်ပြီး ကျန်တမျိုးမှာ အေးခဲ ရေချို ပုစွန်များ ဖြစ်ပါသည်။ နှစ်မျိုး စုစုပေါင်း ၁၀ တန် တင်ပို့ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က ပြောသည်။
ပထမဦးစားပေးမှာ တရုတ်အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသော သန့်ရှင်းမှုနှင့် ဇီဝဗေဒဆိုင်ရာစံနှုန်းများနှင့်အညီ အရည်အသွေးထိန်းသိမ်းရန် ဖြစ်ကြောင်း သူမက ပြောကြားသည်။
သို့မှသာ နောက်နောင်တွင် ကမ္ဘောဒီးယား ရေထွက်ပစ္စည်းများ ဆက်လက်တင်ပို့ခွင့် ရရှိမည် ဖြစသည်။
“ကမ္ဘောဒီးယားရေထွက်ကုန်တွေကို တရုတ်ဈေးကွက်ထဲသို့တင်ပို့မှု မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘောဒီးယား ငါးလုပ်ငန်းသမားတွေရဲ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးနိုင်ပြီး နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ်"ဟု ဝန်ကြီးဌာနက မျှော်လင့်ကြောင်း သူမက ပြောကြားသည်။
"တရုတ်ဈေးကွက်မှာ ဝယ်လိုအားများလာတာနဲ့အမျှ ကမ္ဘောဒီးယားနိုင်ငံမှ ရေထွက်ပစ္စည်း တင်ပို့မှု တိုးလာမယ်။ ကမ္ဘောဒီးယားတွင် ငါးလုပ်ငန်းသမားတွေ ပိုအလုပ်ဖြစ်ကြမယ်" ဟု သူမက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် သဘာဝ ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ရန် မေလတွင် တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးက ခွင့်ပြုခဲ့ပြီးနောက် ယခု ပထမဆုံးအကြိမ် တင်ပို့ခဲ့ခြင်း ဖြစ်သည်။
Kim Chou Co., Ltd သည် ပုစွန်၊ ငါး၊ ငါးရှဉ့်နှင့် ခရု အပါအဝင် ကမ္ဘောဒီးယား သဘာဝရေထွက်ကုန် ၁၁ မျိုးကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက် ရရှိထားသည်။
စိုက်ပျိုးရေးကဏ္ဍ ထုတ်ကုန်များတွင် ယခုနှစ်တွင် ငရုတ်ကောင်း တင်ပို့ခွင့်ကို တရုတ်နိုင်ငံထံမှ ရရှိခဲ့ပြီးနောက် ဒုတိယမြောက် တင်ပို့ခွင့်ရသည့် စိုက်ပျိုးရေး ထုတ်ကုန်အဖြစ် ရေထွက်ပစ္စည်း တိုက်ရိုက်တင်ပို့ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
Source khmertimeskh
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL