မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ
မန္တလေးဈေးကွက် ဆန်နင့်ပဲ အမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန် ရောင်းဝယ်ဖောက်ကားမှုအခြေအနေ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
26 9 2023
မန္တလေးဈေးကွက် ရောင်းဝယ်ဖောက်မှု အခြေအနေများ
မန္တလေး ဆန်ဈေးကွက်အခြေအနေ
မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရန်ကုန်ပေါ်ဆန်းမှာ လက်ကျန်နည်းခြင်း၊ ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ကျပ်မှ ၁၁၅၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
မနောသုခဆန်မှာ အဝင်ပုံမှန်စားသုံးမှု ပုံမှန်ဖြစ်၍ တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။
ငစိန်ဆန်နှင့်ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝင်ရောက်သောဆန်ဖြစ်ပြီး ပင်ရင်း ဈေးနိမ့်သဖြင့် ဇီယာဆန်တစ်အိတ် ၈၁၀၀၀ကျပ် မှ ၈၀၀၀၀ကျပ်၊ ငစိန်ဆန်တစ်အိတ် ၆၇၀၀၀ကျပ် မှ ၆၃၀၀၀ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။
ဧရာမင်းဆန်မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မန္တလေး ဆီထွက်သီးနှံနှင့် ဆီဈေးကွက်အခြေအနေ
န္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းအနေဖြင့် မြေပဲ(လုံးဆန်)ဈေးနှုန်းမှာ မိုးမြေပဲအဝင်နည်းသေးခြင်း၊ လုပ်ငန်း သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ပိသာ ၆၉၅၀၀၀ကျပ် ဈေးတည် ငြိမ်နေပြီး မြေပဲ(ဆီဆန်)မှာ ဆီစက်သမားအဝယ်များခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၁၀၀ပိသာ ၆၆၀၀၀၀ ကျပ်မှ ၆၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် မိုးနှမ်းအဝင်နည်းခြင်း အရောင်းအဝယ်အေးခြင်းကြောင့် အရည် အသွေးအကောင်းဆုံး ၄၅ပိသာ ၃၆၅၀၀၀ကျပ်မှ ၃၅၀၀၀၀ကျပ်ထိ ဈေးနိမ့်သွားသည်။ နှမ်းညိုမှာ မိုးနှမ်းဝင်ရောက်မှုရှိသော်လည်း ဆီစက်သမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၄၅ပိသာ ၂၉၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။
နှမ်းနက်မှာ မိုးနှမ်းအဝယ်ပုံမှန် အရောင်းပုံမှန်ရှိခြင်းကြောင့် အရည်အသွေးအညံ့ဆုံး ၂၈၀၀၀၀ကျပ်မှ အရည်သွေးကောင်းဆုံး ၄၅ပိဿာ ၃၄၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ် နေသည်။
ပန်းနှမ်းဈေးနှုန်းအနေဖြင့် အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၀၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
နေကြာဈေးနှုန်းမှာ မိုးနေကြာ အဝင်မရှိသလောက်နည်းသေးခြင်း၊ ဆောင်းနေကြာစိုက်ရန် ပြင်ဆင်ခြင်း၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၂၇ပိဿာ ၁၄၅၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီဈေးနှုန်းများ
ပဲဆီတစ်ပိသာ ၁၅၀၀၀ကျပ်၊
နှမ်းဆီတစ်ပိသာ ၁၃၅၀၀ကျပ်၊
နေကြာဆီတစ်ပိသာ ၁၄၅၀၀ကျပ်၊
ပဲပုတ်ဆီတစ်ပိသာ ၇၀၀၀ မှ ၈၀၀၀ကျပ်ဖြင့်
ဈေးတည်ငြိမ် နေသည်။
စားဖိုဆောင်သီးနှံ ဈေးကွက်အခြေအနေ
မန္တလေးတိုင်းတန်းဈေးတွင် စားဖိုဆောင်သီးနှံများအနက် ငရုတ်ခြောက်ဈေးနှုန်းမှာ ငရုတ်ခြောက်(ရှည်)မှာ အသစ်မပေါ်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် အရောင်းအဝယ်အေး သော်လည်း ငရုတ်ခြောက်(စို) တစ်ပိသာ ၁၅၀၀၀ကျပ်၊ လတ်တစ်ပိသာ ၁၆၀၀၀ကျပ် နှင့် ဧရာဝတီတိုင်း Aircon ဖြင့်ထားသော ငရုပ်ပွ တစ်ပိဿာ ၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်နီဈေးနှုန်းမှာ အသစ်မဝင်သေးခြင်း၊ နယ်စုံမှဝင်ရောက်မှုရှိခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်းကြောင့် ကြက်သွန်နီ(ကြီး) တစ်ပိသာ ၃၂၀၀ကျပ်၊ လတ် တစ်ပိသာ ၃၀၀၀ကျပ်၊ သေး တစ်ပိသာ ၂၈၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(တရုတ်)ဈေးနှုန်းမှာ အဝင်ပုံမှန်စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တစ်ပိသာ ၇၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကြက်သွန်ဖြူ(ရှမ်း)မှာ အရည်အသွေးပေါ်မှုတည်၍ အညံ့ဆုံးတစ်ပိသာ ၇၅၀၀ကျပ်မှ အကောင်းဆုံး ၈၅၀၀ကျပ်ထိဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်နေသည်။
အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ်မှုတည် ၍ တစ်ပိသာ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်
ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေပြီး တရုတ်အာလူးမှာ အဝင်ပုံမှန်နှင့်စားသုံးမှု့ နည်းခြင်းကြောင့် တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ချင်းဈေးနှုန်းအနေဖြင့် ချင်းသစ်များ ဝင်ရောက်မှုများလာခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ချင်းဟောင်းမှာ ပစ္စည်းရှားခြင်းကြောင့် အရောင်းအဝယ် အေးသော်လည်း ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံဈေးကွက်အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေနှင့် မတ်ပဲဈေးနှုန်းမှာ လက်ကျန် နည်းခြင်း၊ ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲတီစိမ်းဈေးနှုန်း အနေဖြင့် မိုးပဲတီစီမ်းဝင်ရောက်မှုရှိခြင်း၊ ထွက်ရှိရာဒေသအလိုက် ဈေးကွာခြားမှုရှိခြင်းတို့ကြောင့် အရည်အသွေးအညံ့ဆုံး ၃တင်း တစ်အိတ် ၁၆၃၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၁၇၃၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးနှင့် ပဲခွဲစက်များ ဝယ်ယူမှုရှိသည်။
ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ စိုက်ပျိုးထားဆဲ ကာလဖြစ်ခြင်း၊ လက်ကျန်နည်းခြင်း၊ ပစ္စည်းကောင်း ရှားခြင်းကြောင့် အရောင်အဝယ်အေးသော်လည်း ပဲစဉ်းငုံ (ဖြူ) ၆၀ ပိဿာ ၃၀၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ (နီ) ၆၀ ပိဿာ ၃၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲပုတ် (ရှမ်း/မြန်မာ)အနေဖြင့် မိုးပဲပုတ်အဝင်နည်းခြင်း၊ ဆောင်းပဲပုတ် စိုက်ပျိုးထားဆဲ ဖြစ်ခြင်း၊ လုပ်ငန်းသမား ၊ ဆီစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်း တစ်အိတ် ၂၃၅၀၀၀ ကျပ်မှ ၂၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ၊ ပဲပုတ် (ရှမ်း) ၁၇၈၀၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။
ကုလားပဲ (လုံးဖြူကြီး/လုံးဝါကြီး) ဈေးနှုန်းမှာ ပစ္စည်းလက်ကျန်နည်းခြင်း၊ ပစ္စည်းကောင်း ရှားခြင်း၊ လုပ်ငန်းသမားနှင့် ပဲခွဲစက်များအဝယ်ပုံမှန်ရှိခြင်းကြောင့် လုံးဖြူကြီး ၃တင်း တစ်အိတ် ၂၆၇၀၀၀ ကျပ်မှ ၂၆၉၀၀၀ ကျပ်၊ လုံးဝါကြီး တစ်အိတ် ၂၅၈၀၀၀ ကျပ်မှ ၂၆၄၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည် ခွဲခြမ်းမှာ ၆၄၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မြေတောက်ပဲနှင့် စားတော်ပဲ (ကျွန်း)မှာ ပစ္စည်းကောင်းရှားခြင်း၊ အဝယ်အေးခြင်းကြောင့် မြေတောက်ပဲ ၅၄ ပိဿာ ၃၆၅၀၀၀ ကျပ် စားတော်ပဲကျွန်းမှာ အရည်အသွေးအကောင်းဆုံး ၃၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲကြီး (ကြီး/သေး) ထောပတ်ပဲ (ကြီး/သေး) တို့မှာ မိုးပဲအဝင်နည်းသေးခြင်း၊ ဆောင်းပဲ စိုက်ပျိုးရန် ပြင်ဆင်သော ကာလဖြစ်ခြင်းကြောင့် လုပ်ငန်းသမား အဝယ်နည်းသော်လည်း ပဲကြီး (ကြီး) ၃တင်း တစ်အိတ် ၃၁၅၀၀၀ ကျပ်၊ ပဲကြီး (သေး) သုံးတင်း တစ်အိတ် ၂၉၀၀၀၀ ကျပ်၊ ထောပတ်ပဲ (ကြီး) ၃တင်း တစ်အိတ် ၃၈၅၀၀၀ ကျပ် ထောပတ်ပဲ (သေး) တစ်အိတ် ၃၇၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲလွန်းဖြူ/ပြာတို့မှာ မိုးပဲအဝင်ရှိခြင်း၊ ဆောင်းပဲစိုက်ရန် ပြင်ဆင်စဖြစ်ခြင်း၊ လက်လီသမားသာ အဝယ်ပုံမှန်ရှိသော်လည်း ပဲလွန်းဖြူ ၃တင်း တစ်အိတ် ၁၉၀၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ပဲလွန်းပြာမှာ မိုးပဲအဝင်နည်းခြင်းကြောင့် ၁၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံဈေးကွက်အခြေအနေ
သစ်သီးဝလံ ဈေးနှုန်းအနေဖြင့် နာနတ်သီးများ အဝင်နည်းသွားခြင်းကြောင့် အရည်အသွေး ပေါ်မှုတည်၍ ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး ပန်းသီး ၁၀၀ လုံးပါ တဖာလျှင် ၇၅၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်ဈေးရှိသည်။
ရမည်းသင်း၊ ပျော်ဖွယ် စပျစ်သီး တစ်ပိဿာ ၄၀၀၀ ကျပ် တရုတ် စပျစ်သီး ၇ပိဿာ တစ်ခြင်း ၅၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ်ဈေးရှိသည်။
ရွာငံမှ ထောပတ်သီးများ အဝင်နည်းသေးခြင်းကြောင့် ၁၂၀ပါပိုက်အိတ်တစ်အိတ် အရည်အသွေးပေါ် မှုတည်၍ ၄၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ဈေး ရှိသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း ဈေးကွက်အခြေအနေ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းအနေဖြင့် ငါဇွန်း၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ မြင်းမူ ၊ မြောင် ဂျုံများမှာ လက်ကျန်နည်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၆၀ ပိဿာ ၂၁၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ကလေးဂျုံမှာ အရည်အသွေးအကောင်းဆုံး ၁၉၀၀၀၀ ကျပ်၊ ရှမ်းဂျုံ ၁၈၅၀၀၀ ကျပ်၊ ကြူကုတ်ဂျုံ ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။
ဩစတေးလျဂျုံမှာ လက်ကျန်နည်း အရောင်းအဝယ် အေးခြင်းကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဂျုံဖွဲမှာ အထွက်နည်းခြင်း၊ ပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် တစ်ပိဿာ ၁၃၅၀ ကျပ်မှ ၁၄၀၀ ကျပ်သို့ ဈေးမသိ မသာနိမ့်သွားသည်။
အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ မိုးပြောင်းဝင်ရောက်မှုရှိခြင်း၊ ဆောင်းပြောင်း စတင်စိုက်ပျိုးချိန် ဖြစ်ခြင်း၊ အစာစပ်သမား အဝယ်သာ ရှိခြင်းတို့ကြောင့် ယခင်အပတ် ၅၄ ပိဿာ ၅၆၀၀၀ ကျပ်မှ ၅၄၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
Source Market Information Service- DOP- MOALI
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL