အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ထားခြင်း ရုတ်သိမ်းပေးရန် အမေရိကန် တောင်းဆို
အိန္ဒိယဆန် တင်ပို့မှု ပိတ်ပင်ထားခြင်း ရုတ်သိမ်းပေးရန် အမေရိကန် တောင်းဆို
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အထူးသဖြင့် ပွဲတော်ရာသီအတွင်း ပြည်တွင်း ဆန်ဈေးမတက်စေရန်အတွက် အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား ယခုနှစ် ဇူလိုင် ၂၀ ရက်က တားမြစ်ခဲ့သည်။
အိန္ဒိယအစိုးရက ဆန်ကွဲ တင်ပို့မှုကို ယမန်နှစ် စက်တင်ဘာလတွင် ပိတ်ပင်ခဲ့ပြီး နှင့် ဂျုံတင်ပို့မှုကို ယခုနှစ် မေလတွင် ပိတ်ပင်ခဲ့သည်။
မလိုလားအပ်သည့် ကုန်သွယ်မှု အတားအဆီးကို ဖန်တီးထားခြင်းကြောင့် ဘာစမာတီမဟုတ်သည့်ဆန် တင်ပို့မှု တားမြစ်ချက်ကို ချက်ချင်း ရုတ်သိမ်းပေးဖို့ အမေရိကန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အစည်းအဝေးတစ်ခုမှာ အိန္ဒိယကို တောင်းဆိုခဲ့ပါသည်။
အိန္ဒိယက ၎င်းတားမြစ်ချက်သည် လူဦးရေ ၁.၄ ဘီလီယံ၏ စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးကြီးသော ကိစ္စရပ်ဖြစ်ပြီး တားမြစ်ချက်သည် ပိတ်ပင်ခြင်း မဟုတ်ဘဲ ထိန်းကျောင်းမှု တစ်ခုသာဖြစ်ကြောင်း စောဒကတက်ခဲ့သည်။ အဆိုပါ အစီအမံများသည် ယာယီသာဖြစ်ပြီး ပုံမှန်ပြန်လည်သုံးသပ်ပေးနေသည်။ ပြည်တွင်းဝယ်လိုအားနှင့် ရောင်းလိုအား အခြေအနေများပေါ်မူတည်၍ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်နိုင်စေမည်ဟု အိန္ဒိယက ပြောကြားသည်။
"အိန္ဒိယက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စိုက်ပျိုးရေးကော်မတီအစည်းအဝေးမှာ အစိုးရတွေရဲ့ တောင်းဆိုချက်အရ ဆန်ဖြူ တကယ်လိုအပ်နေတဲ့နိုင်ငံတွေကို ပို့ကုန်ပိတ်ပင်မှုကနေ ကင်းလွတ်ခွင့်ပေးခဲ့ပြီး အဲဒီနိုင်ငံတွေမှာ စားနပ်ရိက္ခာဖူလုံမှုကို အာမခံချက်ကို ကတိပြုခဲ့ကြောင်း တင်ပြခဲ့ပါတယ်" ဟု ကုန်သွယ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။
အိန္ဒိယသည် တင်ပို့ခွင့် ပိတ်ပင်ထားသည့် ဘာစမာတီမဟုတ်သော ဆန်ဖြူ တင်ပို့ရန် ဘူတန်သို့ တန်ချိန် ၇၉,၀၀၀ ၊ စင်ကာပူသို့ တန်ချိန် ၅၀,၀၀၀ ၊ မောရစ်သျှသို့ တန်ချိန် ၁၄,၀၀၀၊ ယူအေအီးသို့ တန်ချိန် ၇၅,၀၀၀ တင်ပို့ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
အိန္ဒိယသည် ဆန်တင်ပို့မှု မူဝါဒအပေါ် အမေရိကန်ဦးဆောင်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့က အိန္ဒိယသည် ကမ္ဘာ့ပို့ကုန်ဆန်၏ ၄၀ ရာခိုင်နှုန်းခန့်ကို တင်ပို့နေသည့် နိုင်ငံဖြစ်နေသဖြင့်အထူးသဖြင့် အကျပ်အတည်းကာလတွင် ဆန်တင်ပို့မှု တားမြစ်ခြင်းသည် သွင်းကုန်ဆန်များအပေါ် မှီခိုအားထားနေရသော နိုင်ငံများကို ထိခိုက်နစ်နာစေသည်ဟု ထောက်ပြကြသည်။
အိန္ဒိယကို မေးခွန်းထုတ်သည့် အခြားအဖွဲ့ဝင်များထဲမှာ ဂျပန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ ထိုင်းနဲ့ ဗြိတိန်တို့ ပါဝင်ပါသည်။
အမေရိကန်က ၎င်း၏ စိုက်ပျိုးရေးဌာနမှ အချက်အလက်များကို ကိုးကား၍ အိန္ဒိယသည် ၂၀၂၃-၂၄ ခုနှစ်ကာလအတွက် ခန့်မှန်းခြေ ဆန်ထုတ်လုပ်မှု တန်ချိန် ၁၃၄ သန်းနှင့် သိုလှောင်မှု တန်ချိန် ၃၆ သန်းအထိ ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြည်တွင်းမှာ ဆန် အလုံအလောက်ရှိတဲ့ အခြေအနေအောက်မှာ ပို့ကုန်ပိတ်ပင်မှုအသစ်က မလိုအပ်တဲ့ ကုန်သွယ်မှု အတားအဆီးတွေ ဖန်တီးခြင်းသာဖြစ်ပြီး အလိုအပ်ဆုံးနေရာတွေဆီ ရိက္ခာစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတယ်လို့ အမေရိကန်က ပြောပါတယ်။ ပို့ကုန်ဆန် တားမြစ်ချက် ချက်ချင်း ရုတ်သိမ်းရန် အိန္ဒိယကို တွန်းအားပေးသွားမယ်လို့ အမေရိကန်က ပြောပါတယ်" ဟု ၎င်းကုန်သွယ်ရေး အရာရှိက ပြောကြားသည်။
ကန့်သတ် ပိတ်ပင်မှုများအတွက် ကြိုတင်သတိပေးချက်များ မထုတ်ပြန်ခြင်းမှာ ထိုသို့ ကြိုတင် ထုတ်ပြန်ပေးပြီး အချိန်ပေးလိုက်လျှင် ပုဂ္ဂလိကကဏ္ဍမှ စျေးကွက်အခြေအနေများကို လိုသလို ကစားမည် ဖြစ်သဖြင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ဖို့ မလုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။
Source hindubusinessline
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL