မလေးရှားတွင် အယ်နီညိုဖြစ်လင့်ကစား ၂၀၂၄ စားအုန်းဆီ အထွက်နှုန်း မြင့်တက်မည်
မလေးရှားတွင် အယ်နီညိုဖြစ်လင့်ကစား ၂၀၂၄ စားအုန်းဆီ အထွက်နှုန်း မြင့်တက်မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
မလေးရှား ဆီအုန်းစိုက်ခင်းများတွက် လုပ်သားများ ပိုမိုများပြားလာပြီး ယခင်ကလို လုပ်သား မလုံလောက်သည့်ပြဿနာ မရှိတော့ခြင်း၊ စိုက်ခင်းများတွင် ဆွတ်ခူးနိုင်သည့် အပင်သက်တမ်းသို့ ရောက်ရှိလာကြခြင်းတို့ကြောင့် အယ်နီညိုရာသီဥတုဒဏ် ကျရောက်သော်ငြားလည်း မလေးရှား စားအုန်းဆီ ထုတ်လုပ်မှု ပိုမိုများပြားလာမည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ Malaysian Palm Oil Board (MPOB) မှ ပြောကြားခဲ့ပါသည်။
မလေးရှားသည် အင်ဒိုနီးရှား ပြီးလျှင် ဒုတိယအများဆုံး စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ၂၀၁၆ ခုနှစ် အယ်နီညိုရာသီဥတုဒဏ် ကျရောက်ခဲ့စဉ်က ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ဖူးသည်။
ယခုနှစ် ကြုံရမည့် အယ်နီညိုရာသီဥတုဒဏ်သည် မပြင်းထန်ဟု ခန့်မှန်းထားပါသည်။
MPOB မှ ညွှန်ကြားရေးမှူးချုပ် Ahmad Parveez Ghulam Kadir က “အယ်နီညိုရဲ့ အလွန်ပြင်းထန်တဲ့ သို့မဟုတ် ပြင်းထန်တဲ့ ဆိုးကျိုးသက်ရောက်မှုကို အခုအချိန်အထိ မတွေ့ရသေးပါဘူး"ဟု ပြောကြားသည်။
MPOB ၏ မေလ ခန့်မှန်းချက်အရ ၂၀၂၄ ထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁ သန်းမှ ၃ သန်းကြား ကျဆင်းသွားနိုင်သည်။
မလေးရှား စားအုန်းဆီကြမ်း ထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၈.၄၅ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၉ သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း Ahmad Parveez က ပြောကြားသည်။
လက်ကျန် သိုလှောင်မှု ပမာဏသည် ၂၀၂၂ ခုနှစ်က ပမာဏဖြစ်သည့် ၂.၂ သန်းနီးပါး ယခုနှစ်တွင် ကျန်ရှိမည်ဟု ခန့်မှန်းသည်။ ယခုနှစ်တွင် ပြည်ပတင်ပို့မှု ပိုများခဲ့သည်။
Source jakartapost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL