ရုရှားဂျုံ တင်သွင်းရန် အိန္ဒိယ ဖြေလျော့မည်
ရုရှားဂျုံ တင်သွင်းရန် အိန္ဒိယ ဖြေလျော့မည်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
အိန္ဒိယနိုင်ငံတွင် ယခုနှစ်မှာ ဂျုံစတင် စိုက်ပျိုးသည့်အချိန် နောက်ကျသည်။ အယ်နီညို ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်မည့် မိုးလေဝသ အလားအလာသည် အထွက်နှုန်း လျော့နည်းအောင် ထိခိုက်နိုင်ဖွယ် ရှိသည်။
သို့ဖြစ်ရာ အိန္ဒိယအစိုးရသည် ဈေးသက်သာသည့် ရုရှားဂျုံ တင်သွင်းခြင်းကို ဖြေလျော့ပေးပြီး ပြည်တွင်း ဂျုံဈေးနှုန်းများ မြင့်တက်နေသည်ကို လျော့ကျစေမည် ဖြစ်သည်။
၂၀၂၄ မတ်-ဧပြီတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းဂျုံဈေးနှုန်းများ ကျဆင်းအောင် ကြိုးပမ်းမည် ဖြစ်သည်။
အိန္ဒိယအစိုးရသည် ရုရှားဂျုံ တင်သွင်းခြင်းကို မက်ထရစ် တန်ချိန် တစ်သန်းအထိ ခွင့်ပြုမည်ဟု ခန့်မှန်းထားကြသည်။ သွင်းကုန်ခွန် ၄၀% စည်းကြပ်နေသည်ကိုလည်း ၁၅-၂၀% သို့ လျှော့ချပေးမည် ဖြစ်သည်။
ပြည်တွင်း ဂျုံဈေးသည် သတ်မှတ်ထားသော ဈေးနှုန်းထက် ၂၅ ရာခိုင်နှုန်း မြင့်မားနေသည်။
ရာသီဥတု ဖောက်ပြန်မှု အခြေအနေများကြောင့် ဂျုံထွက်ရှိမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်မှာ ၂ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်။ အရံဂျုံ သိုလှောင်သည့် ပမာဏလည်း လျော့နည်းသွားစေခဲ့သည်။
ကမ္ဘာ့ဂျုံ ထုတ်လုပ်မှုသည်လည်း အလားအလာ မကောင်းချေ။ S&P Global Commodity Insight အဆိုအရ ဂျုံထုတ်လုပ်သည့် နိုင်ငံများတွင် အဓိကကျသည့် ဩစတေးလျနိုင်ငံတွင် ဂျုံ ထုတ်လုပ်မှု ၄၀% လျော့ကျမည်။
ဂျုံအများဆုံး ထုတ်လုပ်ပြီး အများဆုံး စားသုံးသော တရုတ်နိုင်ငံတွင်လည်း ရာသီဥတု ဆိုးဝါးသဖြင့် ဂျုံထုတ်လုပ်မှု လျော့ကျသည်။ လာမည့်နှစ်တွင် ဂျုံတန်ချိန် မက်ထရစ်တန် ၁၂ မှ ၁၅ သန်းအထိ တင်သွင်းလိမ့်မည်။ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် ၁၂ သန်း တင်သွင်းခဲ့သည်။
Source news India express
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL