အာရှဆန် တပတ်တာ ဈေးအတက်အကျများ
အာရှဆန် တပတ်တာ ဈေးအတက်အကျများ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
.
22 February 2024
1 March 2024
• ဗီယက်နမ်တွင် စပါးအသစ်ပေါ်ချိန် ဖြစ်သဖြင့် ပြည်တွင်း ဈေးကွက်ထဲ စပါးဈေးနှုန်းများ ကျဆင်းနေသဖြင့် ပြည်ပတင်ပို့သည့် ဆန်ဈေးသည် ယခု သီတင်းပတ်အတွင်း ကျဆင်းသွားသည်။
• အိန္ဒိယတွင် ဈေးကွက်ထဲ စပါးနှင့်ဆန် အဝင်နည်းနေသဖြင့် ပို့ကုန်ဆန် ဈေးနှုန်းများ အမြင့်မှာ ဆက်ရှိနေသည်။
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် ခေါ်ဈေးသည် တစ် မက်ထရစ်တန်လျှင် ယခင်သီတင်းပတ်တွင် $625-$630 ရှိခဲ့ပြီး ယခုအပတ်တွင် $600 သို့ ကျဆင်းသည်။
“စပါးေတွ ဆက်လက် ရိတ်သိမ်းနေစဉ်အတွင်း စပါးဈေး ဆက်ကျနေတယ်။ ဒီတော့ ဆန်ဈေးတွေလည်း ကျတယ်။ ဒါပေမယ့် ပြည်ပမှ ဝယ်လိုအားက အားကောင်းနေသေးတာကြောင့် စျေးနှုန်းတွေ ဒီထက်ပိုပြီး ကျဆင်းသွားမယ်လို့ မထင်ပါဘူး၊ အင်ဒိုနီးရှားက ဒီနှစ်မှာ ဝယ်ယူမှုတွေ တိုးမယ်လို့ ပြောပါတယ်"ဟု ဟိုချီးမင်းစီးတီးမှ ကုန်သည်က ပြောသည်။
မတ်လတွင် ဗီယက်နမ်ဆန် ၉၁,၄၅၀ တန် တင်ပို့ရန် စီစဉ်ထားသည်။ အများစုသည် အင်ဒိုနီးရှားသို့ တင်ပို့မည် ဖြစ်သည်။
၅% ဆန်ကွဲပါ အိန္ဒိယဆန် ခေါ်ဈေးသည်
တတန်လျှင် $546-$554 ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေသည်။ အတက်အကျ မရှိပါ။
ပြည်ပဝယ်လက်အချို့သည် ဈေးပြန်ကျမည်ဟု ခန့်မှန်းထားကြပြီး ဈေးအကျကို စောင့်နေကြသည်။
ဗီယက်နမ်သည် အိန္ဒိယနိုင်ငံမှ ဆန်လုံးညိုကို ပထမဆုံးအကြိမ် တင်သွင်းသည်။ ဆန်လုံးညိုကိုဖွတ်ပြီး ဆန်ဖြူအဖြစ်ဖြင့် ပြည်ပသို့ ပြန်လည်တင်ပို့မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်တွင် စပါးအထွက်နှုန်းကောင်းသည့်အပြင် း အရန်ဆန်များ ရှိနေသော်လည်း ယခုတစ်ပတ်တွင် ပြည်တွင်းဆန်ဈေး မြင့်တက်ခဲ့ပြန်သည်။ အစိုးရက သက်သာသောဈေးနှုန်းဖြင့် အရန်ဆန်များကို ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည်။
၅% ဆန်ကွဲပါ ထိုင်းဆန် ခေါ်ဈေးသည် ယခင်အပတ်အတိုင်း တတန်လျှင် $615 ဖြင့် ဈေးငြိမ်နေသည်။ အတက်အကျ မရှိပါ။
Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL