Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese စတိုင်လ် ၀က်အသည်းချဉ်စပ်နှပ်

ဝက်သားကိုစားရတာ ငြီးငွေ့သူများ၊ သွေးအားနည်းနေသူများအတွက် ၀က်အသည်းချဉ်စပ်နှပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

သွေးအားနည်းရောဂါရှိသူများအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်အသည်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ စပါးလင်၊ ငရုတ်သီးအမှည့်၊ သံပရာသီး၊ ဆား၊ သကြား၊ ငံပြာရည်၊ တရုတ်မဆလာ၊ ဆီ၊ ရှောက်ရွက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀က်အသည်းများကို ရေဆေးသန့်စင်ပြီး အတုံးကလေးများတုံး၍ ဆား၊ သကြား၊ ငံပြာရည်တို့ဖြင့် နှပ်ထားပါ။

 

ပြီးလျှင် ဆီအိုးတည်ပြီး ပါးပါးလှီးထားတဲ့ စပါးလင်များကို ထည့်၍ မွှေကြော်ပြီး အဖတ်များကို ဖယ်ထုတ်ထားပါ။

 

ပြီးနောက် အိုးထဲမှာကျန်တဲ့ဆီနှင့် ၀က်အသည်းများကိုထည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီများ စဉ်းစားတဲ့ ငရုတ်သီးအမှည့်များကို ထည့်ကြော်ပေးပါ။

 

ငရုတ်သီးနှင့် ကြက်သွန်ဖြူများ ခြောက်လာသည်အထိ မွှေကြော်ပေးပြီး ခရမ်းချဉ်သီးထည့်၍ ခဏ မွှေကြော်ပေးထားပါ။ ပြီးရင်တော့ ရေမြှုပ်အောင်ထည့်ပြီး မီးနည်းနည်းနှင့် ထားလိုက်ပါ။

 

ရေခမ်းကာနီးရင်တော့ ကြက်သွန်နီအဖတ်များနူးလာလျှင် သံပရာရည်အနည်းထည့်မွှေပေးပြီး ချဉ်စပ်အရသာရအောင် မိမိစိတ်ကြိုက်ပြင်ဆင်ပြီး နောက်ဆုံး အပေါ်ယံတွင် ရှောက်ရွက်များအုပ်ပြီးရင်တော့ ၀က်အသည်းချဉ်စပ်နှပ်ကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 11:10
Rate this item
(0 votes)