Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နယ်စပ်ပိတ်ထားသဖြင့် တရုတ်ပို့ကုန် ဆီထွက်သီးနှံများ အရောင်းအဝယ်အေး

ကိုဗစ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် ပွဲစားကုန်သည်စက်ပိုင်များအသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင်

တရုတ်နိုင်ငံသို့တင်ပို့ရာ လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ နယ်စပ်ဂိတ်များပိတ်ထားခြင်း တို့ကြောင့် တရုတ်ဘက်သို့ တင်ပို့သည့် ပဲနှမ်းဆီထွက်သီးနှံများ အရောင်းအဝယ်အေးနေပြီး တရုတ်ဘက်မှ တင်သွင်းသည့် ကနေဒါစားတော်ပဲ ဝင်ရောက်မှုမရှိသောကြောင့် ပြည်တွင်းကုလားပဲအုပ်စုဝင်ပဲများ တစ်အိတ်လျှင် ကျပ်တစ်သောင်းခန့် ယခုရက်အတွင်း စျေးတက်သွားပြီး ပြည်တွင်းစားသုံးမှုများသည့် ပဲနီပြား၊ ထောပတ်၊ ပဲကြီးစသည့် ပဲများလည်း စျေးတက်နေကြောင်း မန္တလေးမြို့ ပဲကုန်သည်များထံမှ သိရသည်။

“ကုလားပဲအုပ်စုဝင်ပဲတွေ စျေးတက်တယ်။ V2 ၁၁၅၀၀၀ စျေး၊ ၉၂၉ပဲ ၁၀၅၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲ ၁ဝဝဝဝဝစျေး၊ ဒါတွေက သုံးတင်းဝင်တစ်အိတ် စျေးတွေပါ။ အဓိက စျေးတက်ရခြင်းအကြောင်းရင်းက ပြည်တွင်းကုလားပဲ လက်ကျန်နည်းပါးခြင်းနဲ့ တရုတ်ဘက်ကနေ တင်သွင်းတဲ့ စားတော်ပဲပစ္စည်း ဝင်ရောက်မရှိခြင်းကြောင့် စျေးတက်ရတာပါ။ ကနေဒါစားတော်ပဲဆို စျေးတာရှိတာ ပစ္စည်းမရှိဘူး။ တစ်အိတ်ကို ၁၄၅၀၀၀ စျေးရောင်းဖို့ ပစ္စည်းမရှိကြဘူး။ အခုရက်ပိုင်းအတွင်း ကုလားပဲစျေးက သုံးတင်းတစ်အိတ်ကို ကျပ်တစ်သောင်းလောက်စျေးတက်ပေါ့။ ပြည်တွင်းစားသုံးမှုအတွက် စားတော်ပဲမရှိတော့ ကုလားပဲပိုသုံးရတော့ စျေးတက်တာပါ။ တရုတ်လိုင်းဘက်သွားတဲ့ပဲတွေက အရောင်းအဝယ်ဖြစ်လည်း စျေးမကောင်းဘူး။ တရုတ်ဘက်မှာ အလားအလာရှိတဲ့ ပဲတီစိမ်းဝယ်ကြတယ်။ ဒါပေမဲ့ စျေးမကောင်းဘူး။ ပစ္စည်းကောင်းမှ ၉၅၀၀၀ စျေးပစ္စည်းညံ့ရင် ၇၅၀၀၀ ကနေ ၈၅၀၀၀ ကြား စျေးရှိတယ်။ ရန်ကုန်ကုန်စည်ဒိုင် ပြန်ဖွင့်ပေမဲ့ မတ်ပဲ၊ ပဲစင်းငုံက သင်္ဘောတင်ဖို့ ပေါ်မူတည်တာပါ။ ဟိုဘက်ရက်တွေက သင်္ဘောတင်ဖို့အတွက် ပဲစင်းငုံစျေး ၁၁၂၀၀၀ အထိ စျေးတက်တယ်။ မတ်ပဲက ၁၂၁၀၀၀ စျေးအထိ တက်တယ်။ ဒါပေမဲ့ အခုရက်ပိုင်း စျေးငြိမ်တယ်။စျေးကွက်ထဲမှာ ကျန်တဲ့ပဲတွေက အရောင်းအဝယ် သိပ်မဖြစ်ကြပါဘူး။ ပြည်တွင်းစားသုံးမှု ရှိတဲ့ပဲတွေစျေးတက်တယ်။ ပဲနီပြား ၁၅၀၀၀၀ စျေး၊ ကျောက်တွင်းပဲကြီးထိပ်စ ၁၅၀၀၀၀ စျေးထောပတ်ပဲ ၉၅၀၀၀ စျေး ဖြစ်သွားပါတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။

“အခုရက်ပိုင်း အရောင်းအဝယ်မကောင်းကြဘူး။ ကုလားပဲအလုပ်ဖြစ်တယ်လို့ ကြားတယ်။ ဒိုင်မှာက အရောင်းအဝယ်လုပ်ကြတာ နည်းတယ်။ ဒိုင်ကိုလာတဲ့သူတွေကလည်း တစ်နေ့မှာ ၅၀ လောက်သာ လာကြတာပါ။ပဲတီစိမ်းအရောင်းအဝယ် ဖြစ်ကြတယ်။ အရေအတွက်က နည်းတယ်။ ပဲစင်းငုံ၊ မတ်ပဲတို့က အရောင်းအဝယ်တောင် မဖြစ်ကြဘူး။ တရုတ်ဘက်သွားတဲ့ ပဲတွေကလည်း အရောင်းအဝယ် မဖြစ်ကြဘူး။ အခုလက်ရှိက ပြည်တွင်းသုံးပဲ အနည်းအကျဉ်းအရောင်းအဝယ် ဖြစ်တယ်။ တရုတ်နယ်စပ်ပိတ်ထားတဲ့အတွက် တရုတ်ဘက်သွားတဲ့ပဲ အရာင်းအဝယ်မဖြစ်ဘူး။ ရန်ကုန်ဘက်သွားတဲ့ မတ်ပဲ၊ ပဲစင်းငုံ အရောင်းအဝယ်မဖြစ်ဘူး။ မန္တလေးမှာ အရောင်းအဝယ် ဖြစ်နေတာ ပြည်တွင်းသုံးဖို့ အတွက် ကုလားပဲအုပ်စုဝင်ပဲတွေ အရောင်းအဝယ်ဖြစ်ကြတယ်။ တရုတ်ကတင်သွင်းတဲ့ ကနေဒါစားတော်ပဲက နောက်ဆုံး ၁၄၅၀၀၀ စျေးရှိတယ်။ ပစ္စည်းမရှိဘူး။ တရုတ်ဘက် မြေပဲဆန်မသွားတော့ အရောင်းအဝယ်ရပ်နေသလိုဖြစ်တယ်။ မြေပဲဆန်က လှောင်ထားလို့ မကောင်းဘူး။ အခုမြေပဲဆန်စျေး ကျဆင်းတယ်။ ဆီဆန် ၂၄၀၀ စျေးရှိတော့ ဆီစက်သမားတွေက ဆီစျေးချရောင်းတယ်။ မြေပဲဆီသန့်တစ်ပိသာ ၆၀၀၀ စျေးရှိတော့တယ်။ အဓိကကုန်ကြမ်းစျေးကျဆင်းတော့ ဆီစျေးချရောင်းကြတာပါ။ ပဲတီစိမ်းဆို လှောင်သမားတွေလောက်သာ ဝယ်နေကြတာပါ” လို့ ပဲကုန်သည် ဦးဆွေက ပြောကြားသည်။

မန္တလေး မြို့ရှိ ဆီစက်ပိုင်ရှင် ဦးငယ်က “ပဲဆီက ထိပ်စစျေးက မကျပါဘူး။ ခါစစျေးက ကျဆင်းတာပါ။ တရုတ်ပြည်ဘက် မြေပဲဆန် မသွားတော့ စျေးကျတယ်။ ပြည်တွင်းဖြုန်းမှုလည်းနည်းတော့ စျေးကျတာပါ။ ဆီဆံထိပ်စက ပစ္စည်းရှားတယ်။ အခုချိန်မှာက မြေပဲဆန် အသစ်မပေါ်သေးဘူး။ ထိပ်စက ပစ္စည်းမပေါ်ဘူး။ ခါစတွေက ပစ္စည်းပေါတယ်။ ပဲဆီသန့် အကောင်းစျေးက ၇၀၀၀ သူထက် ပဲဆန်လျော့တာဆို ပဲဆီစျေး ၆၀၀၀ ရှိပါတယ်” ဟု ပြောကြားသည်။
ews-eleven.com

Read times
Rate this item
(0 votes)