Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


လာအိုနှင့် ထိုင်းနိုင်ငံတို့မှ သစ်သီးဝလံများ တရုတ်သို့တင်ပို့ရန် ပထမဆုံးတိုက်ရိုက်ရထား ပြေးဆွဲ

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သစ်သီးဝလံကွန်တိန်နာ ၂၅လုံးတင်ဆောင်လာသော ရထားတစ်စင်းသည်

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ တရုတ်-လာအို ရထားလမ်း၏ မိုဟန်ဘူတာရုံသို့ ဒီဇင်ဘာ ၃ ရက်တွင်ဆိုက်ရောက်လာကြောင်းသိရသည်။

 

ယင်းမှာ သစ်သီးဝလံများကို တရုတ်-လာအို ရထားလမ်းမှတရုတ်စျေးကွက်သို့ တင်သွင်းသော ပထမဆုံးတိုက်ရိုက်ပြေးဆွဲသည့် ရထားဖြစ်သည်ဟုဆိုသည်။

 

တင်သွင်းသည့် သစ်သီးဝလံတန်ချိန်မှာ စုစုပေါင်း ၅၄၃ တန်ဖြစ်ပြီး လာအိုနိုင်ငံမှ ငှက်ပျောသီး ၃၅၁တန်၊ ထိုင်းနိုင်ငံမှ လိုက်ချီးသီး ၁၅၄ တန်နှင့် ဒူးရင်းသီး ၃၈တန်တို့ ပါဝင်ကြောင်း တရုတ်မီးရထား ကူမင်းဗျူရိုအုပ်စု ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲခဲ့သော တရုတ်-လာအိုရထားလမ်းသည် ၁၀၀၀ ကီလိုမီတာကျော် ရှည်လျားပြီး ယူနန်ပြည်နယ်၏ မြို့တော်ကူမင်းနှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တို့ကို ချိတ်ဆက်ထာခြင်းဖြစ်သည်။

 

ယခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ အဆိုပါရထားလမ်းသည် ခရီးသည် စုစုပေါင်း ၈ ဒသမ ၅ သန်းနှင့် ကုန်တန်ချိန် ၁၁ ဒသမ ၂သန်းကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

 

Source: ဆင်ဟွာ
The Myanmar food industry guide

Read times Last modified on Monday, 05 December 2022 15:19
Rate this item
(0 votes)