India

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် အာလူး အမျှင်ကြွပ်ကြော်

အိမ်တွင် အာလူးကို လူတိုင်းက ပုံစံအမျိုးမျိုးဖြင့် ကြော်စား၊ ချက်စား ကြပါတယ်။ ယခု အာလူးကို အမျှင်လေးတွေပြုလုပ်ပြီး အဆာပြေပဲစားစား၊

ထမင်းကြီးပဲစားစား သုံးဆောင်နိုင်ပြီး သက်သတ်လွတ်သမားများအတွက် အာလူးအမျှင်ကြွပ်ကြော်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အာလူး၊  ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ နံနံပင်၊ အကြော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆော့စ် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အာလူးကို အခွံနွှာ ရေဆေးပြီးလျှင် အမျှင်များဖြစ်အောင် ခြစ်ဖြင့် ခြစ်ထားပါ။ ပြီးနောက် ကြက်သွန်မြိတ် နဲ့ ကြက်သွန်နီ ကို ခပ်ပါးပါးလှီးဖြတ်ထားပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ရောနယ်၍ အနေတော်ပုံစံများဖြစ်အောင် ဖော်ထားပါ။

ပြီးနောက် အကြော်မှုန့်ကို ရေဖြင့် အနေတော်ဖျော်ထားပါ။

 

ပြီးရင်တော့ ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ဆီထည့်လိုက်ပါ။ ပူလာလျှင် အားလုံးစုံပြီဆိုလျှင်တော့ နယ်ထားတဲ့အာလူးကို မုန့်နှစ်ထဲနှစ်ပြီး ကြော်လိုက်ပါ။

 

နီညိုရောင်သန်းပြီး အာလူးကြော်ကြွပ်ပြီဆိုလျှင်တော့ ဆီစစ်ပြီး မိမိတို့စိတ်ကြိုက် ဆော့စ်နှင့် တွဲဖက်၍ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 3388 times
Rate this item
(3 votes)