India

×

Warning

JUser: :_load: Unable to load user with ID: 540


မလေးရှား စားဆီတင်ပို့မှု ၁၀% လျော့ကျ

ကမ္ဘာပေါ်တွင် စားအုန်းဆီ တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သော မလေးရှားနိုင်ငံမှ စားအုန်းဆီ တင်ပို့မှုသည် ဩဂုတ်လတွင် ဇူလိုင်လထက် ၁၀% လျော့ကျခဲ့သည်။

ဈေးနှုန်းမြင့်မားနေခြင်းကြောင့် ဝယ်လက်များ လက်ရှောင်ခဲ့ကြသည်ဟု ဈေးကွက်ရင်းမြစ်များင S&P Global Platts သို့ ပြောပြခဲ့ကြသည်။
စားအုန်းဆီဈေးနှုန်းသည် တစ်မက်ထရစ်တန် မလေးရှားရင်းဂစ် ၄,၅၁၁ (ကန်ဒေါ်လာ ၁,၀၆၉.၃၄) သို့ မြင့်တက်ခဲ့သည်။
ဇွန်လ ၁၄ ရက်တွင် အကျဘက်သို့ ရောက်ရှိခဲ့ပြီး တစ်မက်ထရစ်တန် မလေးရှားရင်းဂစ် ၃,၄၇၁ (ကန်ဒေါ်လာ ၈၂၂.၉) ဖြစ်ခဲ့သည်။ မေလတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ပြန်ကျခဲ့ခြင်း ဖြစ်သည်။ မေလ ၁၉ ရက်တွင် တစ်မက်ထရစ်တန် မလေးရှားရင်းဂစ် ၄,၇၇၃ (ကန်ဒေါ်လာ ၁,၁၃၁.၅၆) ဖြစ်ခဲ့သည်။


“ဩဂုတ်လထဲမှာ မလေးရှားမှ စားအုန်းဆီ တင်ပို့မှု နှေးနေခဲ့တယ်။ ဈေးနှုန်းတွေက မြင့်တော့ ဝယ်လက်တွေက အရင်းပြန်ရဖို့အတွက် စိုးရိမ်မကင်း ဖြစ်ပြီး အဝယ်နှေးသွားကြတယ်။ ဈေးက အမြင့်ဆုံးရောက်နေတယ်” ဟု ကွာလာလမ်ပူမြို့တော် အခြေစိုက် စားအုန်းဆီကုန်သွယ်မှုလုပ်ငန်း The Farm Trade ၏ အကြီးအကဲဖြစ်သူ Sandeep Singh က ပြောကြားသည်။

Singh ကခန့်မှန်းသည်မှာ မလေးရှားနိုင်ငံသည် ဩဂုတ်လတွင် စားအုန်းဆီတင်ပို့မှုပမာဏသည် ယခင်လထက် ၈ မှ ၁၀ % အထိ လျော့ကျနိုင်ဖွယ် ရှိသည်။ ဇူလိုင်လတွင် စားအုန်းဆီ တန်ချိန် ၁.၄၁ သန်း တင်ပို့ခဲ့ပြီး ဇွန်လတွင် တန်ချိန် ၁.၄၂ သန်း တင်ပို့ခဲ့သဖြင့် ဇူလိုင်လတွင် ဇွန်လထက် အနည်းငယ် လျော့ကျခဲ့သည်။
ဩဂုတ်လတွင် မလေးရှားနိုင်ငံတွင် ထုတ်လုပ်မှု ပမာဏ ၈% တိုးလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ သို့ဖြစ်ရာ ရောင်းအားကျနေစဉ် ထုတ်လုပ်မှု တိုးသည့်အတွက်ကြောင့် ဇူလိုင်လ လက်ကျန် မက်ထရစ်တန် ၁.၅ သန်း ရှိခဲ့ရာ ဩဂုတ်လတွင် မက်ထရစ်တန်ချိန် ၁.၆ သန်း ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

မလေးရှား စားအုန်းဆီ အရောင်းထိုင်းသွားပြီး ပြိုင်ဘက်ဖြစ်သော အင်ဒိုနီးရှား စားအုန်းဆီသို့ ဝယ်လက်များ ရောက်ရှိသွားခဲ့သည်။ ဈေးသက်သာစေရန် ပြည်ပပို့ကုန်အဖြစ် ကောက်ခံသော ပို့ကုန်ခွန်ကို လျှော့ချသတ်မှတ်ပေးခဲ့သည်။ စာအုန်းဆီ ပို့ကုန်အပေါ် ဇူလိုင်လတွင် ကောက်ခဲ့သည့် တစ်မက်ထရစ်တန် အမေရိကန်ဒေါ်လာ ၁၁၆ အစား ၉၃ သို့ ဩဂုတ်လတွင် လျှော့ချသတ်မှတ်ပေးခဲ့သည်။ သို့သော် စက်တင်ဘာလတွင် ယခင်အတိုင်း တစ်မက်ထရစ်တန် အမေရိကန်ဒေါ်လာ ၁၁၆ ပြန်လည်သတ်မှတ်နိုင်ဖွယ်ရှိသဖြင့် ဩဂုတ်လတွင် စာအုန်းဆီကို များနိုင်သမျှ များများ ဝယ်ယူခဲ့ကြသည်။

Source: Platts

Read times
Rate this item
(0 votes)