India

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငါးပေါင်း

သူငယ်ချင်းတွေဆုံတုန်းပဲဖြစ်ဖြစ်၊ မိသားစုဆုံတုန်းပဲဖြစ်ဖြစ် ထိုင်းစားသောက်ဆိုင်သို့ သွားရောက်စရာမလိုဘဲ

အိမ်တွင်လည်း ကိုယ်တိုင်ချက်ပြုတ်နိုင်တဲ့ ထိုင်းစတိုင်လ် ငါးပေါင်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ငါး၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ ကြက်သွန်ဖြူ၊ ဆား၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ သံပရာရည်၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကို သေချာဆေးကြောပြီး ဓားဖြင့် မွှန်းထားပါ။ ပြီးလျှင် နံနံပင်၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း တို့ကို နုပ်နုပ်စဉ်းထားပါ။

 

ပြီးနောက် သံပရာသီးများကို လှီးထားပါ။ ပြီးရင်တော့ ပေါင်းအိုးထဲသို့ ရေထည့်ပြီး ငါးကို မိနစ်အနည်းငယ်ခန့် ပေါင်းပေးပါ။

 

အချဉ်ရည် ပြုလုပ်ရန်အတွက် ဒယ်အိုးအတွင်းသို့ ရေအနည်းငယ် ထည့်၍ ပွက်သည်အထိထားပါ။

 

ရေဆူပြီဆိုလျှင် ကျန်နေသေးသည့် ပါဝင်ပစ္စည်းများ နှင့် ဟင်းခတ် ပစ္စည်းများ ကိုထည့်မွှေလိုက်ပါ။

 

ပြီးရင်တော့ သံပရာသီး ညှစ်ထည့်ပြီးလျှင် အချဉ်ရည်ရပါပြီ။

 

နောက်ဆုံးမှ ပေါင်းထားသည့် ငါးပေါ်သို့ အချဉ်ရည်လေး ဆမ်းပြီးသည့်အခါ အရသာရှိပြီး မြိန်ယှက်စေမည့် ထိုင်းစတိုင်လ် ငါးပေါင်း ကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read 3265 times Last modified on Tuesday, 18 September 2018 13:44
Rate this item
(1 Vote)