India
ငါးနှင့် မရမ်းသီးဟင်းချက်နည်း
ဒီကနေ့တင်ပြမည့်ဟင်းချက်နည်းကတော့ ခံတွင်းမြိန်စေရန်အတွက် မရမ်းသီးနှင့်ငါး
ချက်နည်းလေး တင်ပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါး၊ ခရမ်းချဉ်သီး၊ မရမ်းသီး၊ နံနံပင်၊ မျှင်ငါးပိ၊ ဆား၊ ကြက်သားမှုန့်နှင့် နနွင်းတို့ လိုအပ်ပါတယ်။
ငါးကို အတုံးလေးများတုံးပြီးလျှင် ဆား၊ ကြက်သားမှုန့်၊ ဆနွင်းတို့နဲ့ နယ်ထားရပါမယ်။ ခရမ်းချဉ်သီးနှင့် မရမ်းသီးကို လှီးထားပါ။ နံနံပင်ကိုလည်း ရေစင်စင်ဆေးပြီး ပိုင်းဖြတ်ထားပါ။
ဟင်းချက်မည့် အိုးထဲ ဆီအနည်းငယ်ထည့်၊ ငါးထည့်၊ ခရမ်းချဉ်သီးနဲ့ မရမ်းသီးစိမ်းထည့်၊ ကြက်သားမှုန့် အနည်းငယ်နှင့် ငပိထည့်၍ မီးဖိုးပေါ်တင်ထားပါ။
အသံနည်းနည်းမြည်ပြီး အောက်ဆုံးက ငါးအနံ့နည်းနည်းထွက်လာရင် ရေအနည်းငယ်ထည့်ပြီး တည်ထားပေးပါ။ ရေပွက်လာရင် ငါးတွေကို ဖြည်းဖြည်းချင်း အထက်အောက် လှန်ပေးပါ။
ရေခန်းလာရင် ရေသင့်ရုံထပ်ထည့်ပြီး နံနံပင်တွေပါ တစ်ခါတည်းထည့်၊ အိုးအဖုံး အုပ်ပေးထားပါ။ အငွေ့များ အရမ်းထွက်လာပြီး အနံလည်း မွှေးလာရင် အရသာ အပေါ့၊ အငန်မြည်းပြီး လိုချင်တဲ့အနေရပြီဆိုရင် မီးပိတ်လို့ရပါပြီ။
ချဉ်စပ်လေးစားချင်သူတွေအတွက် အနံ့၊ အရသာနဲ့ ပြည့်စုံတဲ့ ငါးမရမ်းသီးစိမ်းဟင်းကို သုံးဆောင်နိုင်ပါပြီ။