Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စတော်ဘယ်ရီကူလ်ဖီး

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားစရာမလိုဘဲ အိမ်တွင် လုပ်စားနိုင်အောင်

စတော်ဘယ်ရီကူလ်ဖီးလုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ နွားနို့၊ နို့စိမ်း၊ နို့ဆီ၊ ဆန်မှုန့်၊ ဖာလာစေ့အမှုန့်၊ စတော်ဘယ်ရီအနှစ်၊ သစ်သီးခြောက်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး နွားနို့ထဲသို့ ဆန်မှုန့်ထည့်ပြီးမွှေပေးပါ။ ပြီးနောက် မီးဖိုပေါ်တင်ပြီး နွားနို့ဆူပွက်အောင် တည်ပေးထားပါ။

 

ဆူပွက်လာပါက မီးကိုလျှော့ပေးပြီး နွားနို့တစ်ဝက်ခန်းသည်အထိ တည်ထားပေးပါ။ အိုးမကပ်စေရန် မွှေပေးရပါမယ်။ ပြီးလျှင် မလိုင်များတက်လာပါလိမ့်မယ်။

 

နို့တစ်ဝက်ခန်းသွားပါက နို့ဆီနှင့် နို့စိမ်းထည့်ပြီး မွှေပေးရပါမယ်။ ပြီးလျှင် ဖာလာစေ့အမှုန့်ထည့်၊ စေးပျစ်လာပါက အသင့်ကြိတ်ထားသော စတော်ဘယ်ရီအနှစ်ကိုထည့်ပြီးမွှေပေးပါ။ မီးဖိုပေါ်တွင် ခေတ္တ အပူပေးပြီးပါက မီးပိတ်ပြီး အအေးခံထားရပါမယ်။ ပြီးလျှင် သစ်သီးခြောက်ထည့်၍ မွှေထားပေးပါ။

 

အေးသွားပါက မိမိကြိုက်နှစ်သက်သည့်ခွက်တွင်လောင်းထည့်ပြီး ရေခဲသေတ္တာအအေးခန်းထဲတွင် ၆ နာရီခန့် အခဲခံထားပါ။ တုတ်ချောင်းကလေးနှင့် ကိုင်စားလိုပါက တစ်ဝက်ခဲ အနေအထားတွင် တုတ်ချောင်းကို ထည့်နိုင်ပါတယ်။

 

သုံးဆောင်လိုသောအချိန်တွင် ခွက်ကို အပြင်မှရေလောင်းပြီး ကူလ်ဖီးကိုထုတ်ယူကာ သစ်သီးခြောက်ဖြင့် အလှဆင်အသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 18:01
Rate this item
(2 votes)