Myanmar
ငှက်ပျောဆနွင်းမကင်း
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သင်္ကြန်တွင်း အလှူအတန်းလုပ်ဖို့ပဲဖြစ်ဖြစ်
အိမ်တွင်ပိတ်ရက်မိသားစုဆုံတုန်းလေး လုပ်စားနိုင်တဲ့ ငှက်ပျောဆနွင်းမကင်းလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ သီးမွှေးငှက်ပျောသီးအမှည့်၊ အုန်းသီးဖတ်၊ ရွှေကြည်၊ ဂျုံမှုန့်၊ သကြား၊ ဆား၊ အုန်းနို့၊ ထောပတ်၊ ဘိန်းစေ့ တို့ လိုအပ်ပါမယ်။
ပထမဆုံး ငှက်ပျောသီးကို လက်ဖြင့် ချေထားပါ။ ကြိတ်စက်ထဲသို့ အုန်းသီးဖတ်၊ ထောပတ်နှင့် အုန်းနို့ကို ထည့်၍ မွှေပေးထားပါ။
ဇလုံတစ်ခုထဲတွင် ငှက်ပျောသီး၊ အုန်းသီးဖတ်အနှစ်၊ သကြား၊ ရွှေကြည်၊ ဆား၊ ဂျုံမှုန့်တို့ကို ရော၍ သမအောင်မွှေထားပေးပါ။
မုန့်ဖုတ်မည့်ဗန်းထဲကို ဆီသုတ်ထားပါ။ ယင်းဗန်းထဲသို့ မုန့်အနှစ်များကိုထည့်ပြီး အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးထားပါ။
Oven ထဲတွင် ၃၅၀ ဒီဂရီဖာရင်ဟိုက် အပူပေးပြီး တစ်နာရီခန့်ထည့်၍ ဖုတ်ပေးပါ။ ပြီးလျှင်တော့ အအေးခံပြီး မိမိကြိုက်နှစ်သက်ရာ အနေတော်အရွယ် အတုံးကလေးများတုံး၍ သုံးဆောင်နိုင်ပါတယ်။