Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်ရက်အတွင်း ကော်ဖီကျောက်ကျောလုပ်စားရအောင်

သင်္ကြန်ရက်အတွင်း အလှူလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ အိမ်မှာ မိသားစုဆုံတုန်းစားဖို့ပဲဖြစ်ဖြစ် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကော်ဖီကျောက်ကျော ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကော်ဖီမှုန့်၊ နို့မှုန့်၊ သကြား၊ အာဂါးကျောက်ကျော တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ရေနွေးကို ဆူအောင် တည်ထားပါ။ ပြီးလျှင် နို့မှုန့်၊ သကြား၊ အာဂါးကျောက်ကျောအမှုန့်ထည့်ပါ။ ပြီးနောက် ပါဝင်ပစ္စည်းများကို ၁၀မိနစ်ခန့် မွှေပေးပါ။\

 

ပြီးလျှင် ပုံစံခွက်ထဲသို့ လောင်းထည့်ပြီး အအေးခံပါ။ (၂) ကြိမ်ပြုလုပ်ပေးပါ။


အလွှာသုံးထပ်ဖြစ်အောင်လုပ်ချင်ရင်တော့ ကော်ဖီကျောက်ကျောကို အလယ်လွှာတွင် ထားပေးပါ။


ပြီးနောက် ပုံစံခွက်ထဲတွင် ကျောက်ကျေုာကို ၁နာရီခွဲခန့် အအေးခံပါ။


ပြီးရင်တော့ မိမိလိုချင်သည့် ပုံစံလှီးပြီး ပန်းကန်ပြားထဲသို့ ထည့်လိုက်ပါ။


အချိုအရသာကြိုက်နှစ်သက်သူများအတွက် နို့စိမ်း၊ ရေနွေး၊ နို့မှုန့်၊ သကြား ၁ဇွန်း တို့ကို ရောမွှေပြီး အအေးခံပါ။


ပြီးရင်တော့ ကော်ဖီကျောက်ကျောကို ပန်းကန်ပြားထဲတွင် ထည့်ပြီး ကျောက်ကျောအပေါ်မှ ဆမ်း၍ မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 11 April 2019 11:04
Rate this item
(1 Vote)