Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရွှေကြည်မုန့်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အလှူအတန်းလုပ်ချင်လို့ပဲဖြစ်ဖြစ် ဆိုင်တွင်သွားရောက်ဝယ်

စားစရာမလိုဘဲ အိမ်တွင်ကိုယ်တိုင်လုပ်နိုင်တဲ့ အချိုပွဲအတွက် ရွှေကြည်မုန့်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ရွှေကြည်မှုန့်၊ သကြား၊ ထောပတ်၊ ဆီ၊ အုန်းနို့၊ ကြက်ဥ၊ ဘိန်းစေ့၊ ဆား၊ ရေ တို့ လိုအပ်ပါမယ်။

 

ရွှေကြည်မှုန့်များကို ဒယ်အိုးထဲတွင် ရွှေဝါရောင်သန်းလာအောင် လှော်ပေးပြီး အအေးခံထားပါ။

 

ကြက်ဥများ သမသွားအောင် မွှေထားပါ။ ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲမှာ လှော်ထားသော ရွှေကြည်မှုန့်၊ ကြက်ဥ၊ အုန်းနို့၊ သကြား၊ ဆား၊ ထောပတ်ဆီ၊ ရေအားလုံးတို့ကို ထည့်၍ အကုန်လုံး သမအောင် ရောမွှေပေးပါ။

 

ရောမွှေပြီး အားလုံးအဆင်သင့် ဖြစ်တာနဲ့ မီးဖိုပေါ်တင်ကာ တည်ပေးပါ။ ရွှေကြည်အိုး မကပ်စေရန် အိုးထဲမှ ရွှေကြည်ကို အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ။ ရွှေကြည်များ ပြစ်လာတာနဲ့ ရွှေကြည်ဖုတ်မည့် ဗန်းထဲကို ပြောင်းထည့်ပေးပါ။

 

ကျိုထားသော ရွှေကြည်များ မုန့်ဖုတ်မည့် ဗန်းထဲကိုထည့်စဉ် ယောင်းမဖြင့် ဖိသိပ်ပေးပါ။ ပြီးနောက် ရွှေကြည်ပေါ်မှာ ဘိန်းစေ့များ ဖြူးပေးပါ။

 

မုန့်မဖုတ်ခင် မုန့်ဖုတ်မည့် မီးဖိုကို အပူချိန် ၁၈၀ ဒီဂရီ ဖြင့် မိနစ်အနည်းငယ် ကြိုပြီး အပူပေးထားပါ။ မီးဖိုပူလာတာနဲ့ ရွှေကြည်ထည့်ထားသော ဗန်းကို မီးဖိုထဲမှာ မိနစ်အနည်းငယ် ထည့်ဖုတ်ပေးပါ။

 

အချိန်ပြည့်တာနဲ့ မီးပိတ်ပြီး ရွှေကြည်ဗန်းကို မထုတ်သေးဘဲ မိဖိုထဲမှာ မိနစ်အနည်းငယ် ထားပြီးမှ ထုတ်၍ အအေးခံပေးပါ။ ရွှေကြည်ဗန်း အေးတော့မှ ရွှေကြည်များကို လိုအပ်သလို ပုံစံလေးများ လှီးကာ အသင့်သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Monday, 17 September 2018 13:50
Rate this item
(1 Vote)