Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန်လာဥ သီးစုံချဉ်ရည်ဟင်း

ဒီကနေ့တင်ပြမည့် အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့

အရည်သောက်ဟင်း တစ်မျိုးဖြစ်တဲ့ မုန်လာဥသီးစုံချဉ်ရည်ဟင်း ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ မုန်လာဥ၊ ပဲသီး၊ မျှစ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ ရုံးပတီသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆီ၊ ငံပြာရည်၊ ဆား၊ မကျည်းအနှစ်၊ ဟင်းခတ်မှုန့်၊ ပုစွန်ထုပ်၊ နံနံပင်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး မုန်လာဥဖြူနှင့် မုန်လာဥနီကို သင့်သလိုလှီး၍ ရေဆေးထားပါ။ ပုစွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ မသန့်စင်ထားပါ။

 

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ငရုတ်သီးတောင့်နှင့် ညက်နေအောင်ရော၍ ထောင်းထားပါ။ ပဲသီးကို အညှာဖြတ်၍ ရေဆေးကာ အနေတော် လှီးထားပါ။

 

မျှစ်နှင့် ပန်းဂေါ်ဖီကို ရေဆေးပြီး လှီးထားပါ။ ရုံးပတီသီးကို အတောင့်လိုက် ရေဆေးပြီး တစ်ပိုင်းပိုင်း ထားပေးပါ။

 

ဇောက်နက်သောအိုးထဲမှာ လှီးထားသော မုန်လာဥများ ပုစွန်ထုပ်များ၊ ခရမ်းသီး၊ နနွင်းမှုန်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ။

 

နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင်တည်လိုက်ပါ။ ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ။

 

မုန်လာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ။

 

ရေပွက်ပွက်ဆူကာ ခရမ်းသီးနှင့် မုန်လာဥများ နူးလာပါက မကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေကို မိနစ်အနည်းငယ် ထပ်ဆူအောင် ထားလိုက်ပါ။ ပြီးတာနဲ့ ရုံးပတီသီးကို ထည့်ကာ ရေပွက်ပွက်ဆူအောင် မိနစ်အနည်းငယ်ခန့် ထပ်တည်ပေးပါ။

 

ရေပွက်ပွက် ဆူလာပါက လိုသလို ပြင်ပေး၍ နံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ။ မုန်လာဥသီးစုံ ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:28
Rate this item
(1 Vote)