Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဟင်းနုနယ်ရွက်သုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားများအတွက်

ဟင်းနုနယ်ကို ကြော်မစားဘဲ သုပ်စားနိုင်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဟင်းနုနယ်ရွက်၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ နှမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကျဲနှင့် ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဟင်းနုနယ်ရွက် ချွေထားပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ထည့်လိုက်ပါ။ မိနစ်အနည်းငယ်လောက်ဆိုရင် ဟင်းနုနွယ်ကျက်ပါပြီ။

 

ပြီးရင် ရေအေးနဲ့ဆေးပြီး ရေတွေကို ညှစ်ထုတ်လိုက်ပါ။

 

ပြီးနောက် ပန်းကန်ထဲကို ဟင်းနုနယ်ရွက်ပြုတ်ကိုထည့်လိုက်ပါ။ ပြီးလျှင် ဆီချက်၊ မြေပဲဆံလှော်ထောင်း၊ သီဟိုဠ်ဆံလှော်ထောင်း၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်အကျဲတို့နှင့် နယ်ပေးပါ။

 

အရသာအပေါ့အငန်ကို ကြိုက်သလိုမြည်းကြည့်ပြီး အနေတော်ဆိုရင်တော့ အပေါ်က နှမ်းလေးဖြူလိုက်ပါ။ ပြီးလျှင် ကြက်သွန်မြိတ် ပါးပါးလှီးထားတာလေးကို ထည့်လိုက်ပါ။

ပြီးရင်တော့ သက်သတ်လွတ် ဟင်းနုနယ်ရွက်သုပ် လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 13:55
Rate this item
(1 Vote)