Myanmar
မျှစ်သုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ သက်သတ်လွတ်သမားအတွက်
အဆင်ပြေစေမည့် မျှစ်သုပ် သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ မျှစ်၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်ထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ ကုလားပဲအကျက်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာရည်တို့ လိုအပ်ပါမယ်။
မျှစ်ကို ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ထည့်ပြုတ်ပြီးလျှင် ရေထည့်ထားသော ဇလုံထဲသို့ ထည့်၍ အအေးခံကာ ရေညှစ်ပြီး ပိုင်းဖြတ်ထားပါ။
ကြက်သွန်နီကို အခွံခွာ ပါးပါးလှီးထားပါ။ ပြီးလျှင် ရေလောက်ဆေးပြီး ရေစစ်ထားပါ။
ပိုင်းဖြတ်ထားသော မျှစ်ကို ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊
ကြက်သွန်ဖြူဆီချက်၊ မြေပဲလှော်ထောင်း၊ ငရုတ်သီးအကျက်မှုန့်၊ ကုလားပဲအကျက်မှုန့်၊ နံနံပင် နဲ့ သံပရာရည်ကို ထည့်ကာ သမအောင်ဖွဖွနယ်ပြီး အရသာကို မြည်းကြည့်ပါ။
ပြီးလျှင်တော့ အရသာရှိပြီး သက်သတ်လွတ်ဟင်းတစ်မျိုးဖြစ်တဲ့ မျှစ်သုပ်ကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။