Myanmar
ကြက်ဟင်းခါးသီးနှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် အခါးကြိုက်နှစ်သက်သူများအတွက်
ဆေးဖက်လည်းဝင်စေမည့် ကြက်ဟင်းခါးသီးနှပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကြက်ဟင်းခါးသီး၊ ဆီ၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအခြောက်တောင့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်တို့ လိုအပ်ပါမယ်။
ကြက်ဟင်းခါးသီးကို ရေဆေးကြော သန့်စင်ပြီး မထူမပါး လှီးထားပါ။
ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအခြောက်တောင့်နှင့် ပုစွန်ခြောက်တို့အား လေးစိပ်ကွဲ မညက်တညက်ထောင်းပေးထားပါ။
ဒယ်အိုးထဲသို့ ဆီ ၅ ထည့်ကာ ဆီပူလာလျှင် မညက်တညက် ထောင်းထားသော အမယ်အားလုံးကို ထည့်လိုက်ပါ။
ပြီးလျှင်တော့ ကြက်ဟင်းခါးသီးထည့်၊ ရေထည့်ပြီး အဖုံးပိတ်၍ နှပ်ထားရပါမယ်။
ရေခမ်းပြီးဆီပြန်လာလျှင်တော့ ကြက်ဟင်းခါးသီးနှပ်အိုးကို မီးဖိုပေါ်မှ ချလို့ရပါပြီ။ ပြီးလျှင်တော့ ထမင်းပူပူလေးနဲ့တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။



