Myanmar
ငါးခူကြော်နှပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူချက်ပြုတ်နိုင်ပြီး
ကလေးများကြိုက်နှစ်သက်စေမည့် ငါးခူကြော်နှပ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ငါးခူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခွဲကြမ်း၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ငါးခူကို အရွယ်တော်လေးရွေးဝယ်ပြီး ရေဆေးသန့်စင်ထားပေးပါ။ ပြီးလျှင် ဗိုက်ခွဲ ခေါင်းဖြတ်ပြီး အညှီနံ့နှင့် အကျိအချွဲများပျောက်စေရန် ဆားနဲ့ပွတ်ပြီး ဆေးကြောပေးပါ။
ဓားနဲ့အနည်းငယ်မွှန်းပြီး ဆား၊ ဟင်းခတ်မှုန်၊ နနွင်းမှုန့်တို့ဖြင့် နယ်ကာဆီပူပူမှာ ကြွပ်အောင်ကြော်ပြီး ဆီစစ်ထားပါ။
ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးပြီး ကြော်လိုက်ပါ။ ကြက်သွန်နီ အနည်းငယ်နွမ်းပြီး ဝါရောင်စသန်းလာလျှင်ကြက်သွန်ဖြူ တွေထည့်ကြော်ပါ။
အနည်းငယ်ကြွပ်စပြုလာလျှင် ငရုတ်သီးခွဲကြမ်းမှုန့်ထည့်လိုက်ပါ။ ဆား၊ ဟင်းခတ်မှုန့်လေး အရသာထည့်ပြီးကြော်ထားတဲ့ ငါးခူကြော်တွေနှင့် ရောမွှေပေးပါ။
ပြီးလျှင်တော့ ကြွပ်ကြွပ်ရွရွငါးခူကြော်လေးနှင့် ထမင်းပူပူလေးကို တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။



