Myanmar
သက်သတ်လွတ်ကုလားပဲဆီပြန်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ၀ါတွင်းတွင် သက်သတ်လွတ်စားသောသူများအတွက်
သက်သတ်လွတ်ကုလားပဲဆီပြန်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆီ၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကုလားပဲကို ရေးဆေးသန့်စင်ပြီး မိနစ်အနည်းငယ်ကြာအောင် ရေစိမ်ထားပါ။ ပြီးလျှင် နူးအိပြီး ရေခမ်းသွားအောင် ပြုတ်ရပါမယ်။
ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအရောင်တင်မှုန့်အနည်းငယ်ထည့်၍ ဆီသတ်ပေးပါ။ ဆီသတ်တာကျက်သွားလျှင် မဆလာအနည်းငယ်ထည့်ပြီး မွှေပေးပါ။
မဆာလာနံ့သင်းလာလျှင် ကုလားပဲပြုတ်ထားတာ ထည့်ပြီး ဟင်းခတ်မူန့်နဲ့ ဆားအနည်းငယ်ထည့်၍ မီးရှိန်လျှော့ကာ အိုးမကပ်၊ ပဲမကြေအောင် မွှေပေးပါ။
ဆီပြန်လာလျှင် ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ သက်သတ်လွတ်ကုလားပဲဆီပြန်ဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။