Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးအမွစပ်ကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးကို သာမန်ပုံစံအတိုင်းလုပ်မစားဘဲ

အဆန်းပုံစံလေးနှင့် စားချင်သူများအတွက် ငါးအမွအစပ်ကြော်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါး၊ စိမ်းစားငပိ၊ နနွင်းမှုန့်၊ စပါးလင်၊ ဆီ၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်၊ ငရုတ်သီးခွဲခြမ်းတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကိုရေဆေးထားပါ။ စပါးလင်အရိုးများကို ရေဆေးပြီး တစ်ပင်ကို ခပ်ဖွဖွ ထုထားပါ။

 

နောက်တစ်ပင်ကို ခပ်ပါးပါးလှီးထားပါ။ ဟင်းချက်ရာတွင် ပါဝင်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။

 

အိုးထဲမှာ ရေအနည်းငယ် ထည့်ပြီး ရေဆူအောင် တည်ပေးပါ။ ရေဆူလာလျှင် စိမ်းစားငပိ၊ နနွင်းမှုန့် ထုထားသော စပါးလင်နှင့် ငါးထည့်ကာ ငါးကျက်ရုံလေး ပြုတ်ပေးပါ။

 

ငါးကို အရမ်းနူးပျော့သွားအောင် ပြုတ်ရန်မလိုတဲ့အတွက် ထည့်ထားသော ရေခမ်းတာနဲ့ ငါးကိုအအေးခံထားပါ။ အအေးခံပြီးသား ငါးကို အသားများမွအောင် လက်ဖြင့် ချေပေးပါ။ ငါးထဲထည့် ပြုတ်ထားသော  စပါးလင်ကို ဖယ်ပစ်လိုက်ပါ။

 

ပြီးလျှင် ဒယ်အိုးနောက်တစ်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာတာနဲ့ လှီးထားသော စပါးလင်၊ ကြက်သွန်ဖြူ၊ မွထားသောငါးနှင့် ငါးငံပြာရည်တို့ကို မကပ်သော အိုးထဲထည့်ကာ မီးပြင်းပြင်းဖြင့် နာရီဝက်လောက် ကြော်ပေးပါ။

 

မိနစ်အနည်းငယ် ကြော်ပြီးပါက ငါးအသားထဲမှ အရည်များကုန်ကာ ခြောက်ပြီးမွလာသည်အထိ ဆက်ကြော်ပေးပါ။

 

ငါးအသားများ ခြောက်ပြီးမွလာတာနဲ့ မီးကိုအနေတော်သို့လျှော့ကာ မိနစ်အနည်းငယ် မွှေကြော်ပြီး ငရုတ်သီးခွဲခြမ်းမှုန့်ကို ထည့်ပေးပါ။

 

ပြီးလျှင် မီးအနည်းငယ်ထပ်လျှော့ပြီး  မိနစ်အနည်းငယ်  ထပ်ကြော်ပေးပြီး မီးဖိုမှ ချလိုက်ပါ။

 

ပြီးနောက် ဇကာနှင့် ဆီစစ်ပေးပါ။ ဆီတတ်နိုင်သမျှ ကုန်အောင်စစ်ပြီးဆိုတာနဲ့ ငါးအမွကြော်လေး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 

Read 3885 times Last modified on Tuesday, 18 September 2018 15:13
Rate this item
(1 Vote)